နောင်ချိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ ပြည်သူများနှင် တွေ့ဆုံ

 

နောင်ချို အောက်တိုဘာ

နောင်ချိုမြို့နယ် ဆီဆုံကျေးရွာအုပ်စု ပလောင်ချောင်းရွာ ခေါ်ရခါးကုန်းရှိ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဆာဂနေအိမ်တွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရပ်ရွာအင်အား ၃ဝ ဦး ခန့်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင် မောင်ချို၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နောင်ချို- (၂)၊ ဦးတင်အောင်ဝင်း၊ ဦးသန်းထွန်းလေး၊ ဦးညွန့်ဝင်းနှင့် ဒေါ်ခိုင်သန္တာထွေး အဖွဲ့တို့သည် ပြည်သူများနှင့် ကွင်းဆင်း၍ တွေ့ဆုံကြသည်။

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံမိဘပြည်သူများနှင် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံမိတ်ဆက်ပွဲ ကျင်းပ

 

လားရှိုး စက်တင်ဘာ

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် လားရှိုးမြို့ ရပ်ကွက် (၇) ရွှေကြယ်ခန်းမနှင့် ရပ်ကွက်ပြည်ခိုင်ဖြိုး ပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဒေသခံမိဘပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံမိတ်ဆက်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။


သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီက အခြေခံလူတန်းစားများအတွက် လှူဒါန်း

 

သီပေါ စက်တင်ဘာ ၂၇

ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီက Covid-19 ကာလအတွင်း အခြေခံ လူတန်းစားများအား ထောက်ပံ့နိုင်ရေး အစီအစဉ်တစ်ရပ် အနေဖြင့် ယနေ့ နံနက်ပိုင်းက လောဝ်ခွန် ကျေးရွာ အုပ်စုမှ အိမ်ထောင်စု ၇ဝ အတွက် ဆန်၊ ဆီ၊ ဆားနှင့်အချိုမှုန့် များအား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ မူဆယ်ဆယ်လန့်ဈေး၌ Face Mask များပေးဝေ လှူဒါန်း

 

မူဆယ် စက်တင်ဘာ

မူဆယ်မြို့နယ် လွှတ်တော်ကိုယ် စားလှယ်လောင်းနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များ ဆယ်လန့်ဈေးသို့ ပြည်သူ များအတွက် Face Mask များဝေပေးခဲ့ကြောင်း သိရသည်။


သီပေါတွင် ပါတီဆိုင်းဘုတ် တင်ပွဲ နှင့် Covid ကာကွယ်ရေး ပပစ္စည်းများဝေဌ

 

စက်တင်ဘာ ၂၀၂၀

၂၁.၉.၂၀၂၀ ရက်နေ့တွင် သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ် ကြသည့် ဦးအောင်အောင်နှင့် ဦးစိုင်းခင်မောင်ရွှေတို့သည့်  အောင်နိုင်ရေးအဖွဲ့၀င်များနှင့်အတူ  ဇတ်စုရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး Covid ကာကွယ်ရေး Face shield မျက်နှာကာ Mask နှာခေါင်းစည်း နှင့် ကိုယ်စားလှယ်လောင်း လက်ကမ်းကြော်ငြာများ ဝေငှခဲ့ကြပါသည်။

KoAung ….Hsipaw…

မူဆယ် ပြည်ခိုင်ဖြိုးပါတီမှ Face Mask အခု ၅ဝဝဝ ပေးဝေ လှူဒါန်း

 

စက်တင်ဘာ ၁၈

မူဆယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့ နံနက်တွင် ဟင်းသီးဟင်းရွက်ဈေးနှင့် သိန်းသန်းချီ ကားကြီးကွင်းထဲရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၆ ရက်မှစ၍ Face Mask အခု ၅ဝဝဝ ပေးဝေ လှူဒါန်းခဲ့သည်။


ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်ကမ်းစာစောင်များဝေငှ

 

ကျောက်မဲ စက်တင်ဘာ

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ၊ မျိုးဆက်သစ်ပါတီဝန်းရံ လူငယ်အင်အားစုများ အပါအဝင် အင်အား ၃ဝ တို့သည် ပြိန်းနင်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများထံသို့ တစ်အိမ်တက်ဆင်းစနစ်ဖြင့် လက်ကမ်းစာစောင် များဝေငှ၍ ကိုယ်စားလှယ်လောင်းများနှင့်မိတ်ဆက်ဆွေးနွေးခဲ့ကြသည်။ ခင်ဇာမောင်

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

 

နောင်ချို စက်တင်ဘာ ၁၈

၁၈.၉.၂၀၂၀ ရက်နေ့၊ နံနက်( ၈:၀၀ ) နာရီအချိန်က နောင်ချိုမြို့ မြို့မစျေး အနောက်ဖက်နှင့်မြောက်ဖက်တွင် ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြေငြာဆိုင်းဘုတ်များ စိုက်ထူပွဲကျင်းပရာ နောင်ချို မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကိုယ်စားပြုဝင်ရောက် ရွေးချယ်ခံမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ချို၊ အမှတ် (၁) မဲဆန္ဒနယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးချိန်ကြီး၊ အမှတ် (၂)​ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်အောင်ဝင်းတို့ ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် အဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဌအဖွဲ့နှင့် ပါတီဝင်များ အင်အား(၄၅) ဦးတို့က မြို့မစျေး အနောက်ဖက်နှင့် မြောက်ဖက်တို့တွင် စိုက်ထူဆောင်

တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ဆေးရေးဂိတ်တာဝန်ကျ စေတနာ့ဝန်ထမ်းများသို့ ရေသန့်နှင့် အာဟာရလှူဒါန်း

 

တန့်ယန်း စက်တင်ဘာ

တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ် ပါတီကော်မတီဝင်များက မိုင်းပတ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ နေသည့် စေတနာ့ ဝန်ထမ်းများအား ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်တို့ကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။


လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီစောင့်ကြည့်စခန်းသို့ ကာကွယ်ရေးပစ္စည်းများလှူ

 

လားရှိုးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၁၅ ရက်တွင် မိုးကုတ်တရားရိပ်သာ၌ ဖွင့်လှစ်ထားသည့် Quarantine Center သို့ PPE ဝတ်စုံ၊ Mask နှင့် Hand Gel များ သွားရောက် လှူဒါန်းခဲ့သည်။