မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း

 

၂၈.၆.၂၀၁၈ ၊ မွန်းလွဲ(၂:၀၀) နာရီအချိန် မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်း၌ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုပါတီကော်မတီဝင် ဦးစိုင်းထွန်းစိန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ လူငယ်ပါတီကော်မတီဝင်များတို့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပါသည်။
ဆက်လက်၍ ကျိုင်းတုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးမှ နေပြည်တော် လူငယ်တွေ့ဆုံပွဲသွားရောက်ခဲ့သည့် မိုင်းပျဉ်းပြည်ခိုင်ဖြိုးလူငယ်ပါတီဝင်များအား ထောက်ပံ့ငွေကျပ် (၁) သိန်းကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက လူငယ်များထံအပ်နှံပါသည်။