ဧရာဝတီတိုင်းဒေသကြီး တိုင်းခရိုင်ဥက္ကဋ္ဌများ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့်တွေ့ဆုံ

ပုသိမ်၊ သြဂုတ် ၅

ပြည်ခိုင်ဖြိုးပါတီ ဧရာဝတီတိုင်းဒေသကြီး တိုင်း/ခရိုင်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ ယမန်နေ့နံနက် ၁ဝ နာရီက ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချပြဆွေးနွေးခြင်း၊ ပါတီလုပ်ငန်းအဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်း၊ အောက်ခြေအဆင့်ဆင့် ထိတွေ့ကွင်းဆင်းဆောင်ရွက်ခြင်း၊ ပါတီဝင်တိုးပွားရေးအတွက် စည်းရုံးဆောင်ရွက်နေ မှုများ၊ ပါတီ အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်း၊ စည်းရုံး၊ စီမံ၊ ရေးရာကိစ္စရပ်များကို ဆွေးနွေးခြင်း၊ အမျိုးသမီးညီလာခံကျင်းပရန်အတွက် တိုင်း၊ခရိုင်၊မြို့နယ်များမှ ဆွေးနွေး တင်ပြခဲ့မှုများအား ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးအတွင်း စည်းလုံးညီညွှတ်ရေး၊ ကျစ်လျစ်ခိုင်မာရေးနှင့်အောက်ခြေအထိ ကွက်ပြည့်ထိတွေ့ရမည့် ကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်နှင့် ဗဟိုကော်မတီဝင်ဒေါက်တာဌေးဝင်းတို့က ကဏ္ဍရေးရာအလိုက်ဆောင်ရွက်နေမှုများကိုလည်း အကျယ်အဝင့် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် ပါတီရုံးခန်းမ၌ ခရိုင်၊ မြို့နယ်ကော်မတီဝင်၊ အရန်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။