တောင်ကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

Taung Goat4

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၃) ရက်နေ့က မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးထွန်းဝေ၊ သံတွဲခရိုင် ပါတီ ဥက္ကဋ္ဌ ဦးဖိုးရီအောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ကိုယ်စားလှယ်များ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြသည်။

တောင်ကုတ်မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်သီး (ပြည်နယ်စီမံကိန်း ဒုပြည်နယ်မှူး-ငြိမ်း)၊ မြို့နယ်ပါတီ အတွင်းရေးမှူးအဖြစ် ဦးကျော်ဝင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးကျော်ခန့် တို့ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။

အရွေးချယ်ခံ မြို့နယ်ပါတီကော်မတီဝင်များမှ ကတိသစ္စာပြုကြပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။


Leave a Reply