မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

 

၂၈.၆.၂၀၁၈ ရက်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တည်ထောင်ထားသော “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း ´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁၂း၃၀) အချိန်တွင် စတင် ကျင်းပရာ အစည်းအဝေးသို့ နာရေးအသင်းဥက္ကဌ (မြို့နယ်ပါတီဥက္ကဌ) ဒေါ်နန်းခင်မြင့်ဌေး တက်ရောက်လမ်းညွှန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
ဒုတိယပိုင်းတွင် ဆက်လက်၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ တက်ရောက်လာသော မြို့နယ် EC ၊ အရံ EC ၊ ရပ်/ကျေးဥက္ကဌများမှ ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ချမှတ်ခဲ့ပြီးး အစည်းအဝေးကို နေ့လည် (၃း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

credit >>> ခင်မိုးမိတ်