ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဆေးရုံအတွက် လူနာခုတင်နှင့် လေးဝတီကုလရက္ခိတ အသင်းအတွက် PPE ဝတ်စုံလှူဒါန်း

ကျောက်ဖြူ သြဂုတ်လ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်း၊ ပါတီကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၂ နာရီက ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ COVID-19 ရောဂါကာလအတွင်း သီးသန့်လူနာခန်း Isolation Room တွင် အသုံးပြုနိုင်ရန်အတွက် လူနာခုတင် နှစ်လုံးကို လှူဒါန်းခဲ့ပြီး လေးဝတီကုလ ရက္ခိတအသင်းတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှMask နှင့် Face Shield များလှူဒါန်း

 

ကျောက်ဖြူ သြဂုတ်

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၈ နာရီ က စနဲမြို့နှင့် ဇင်ချောင်းအုပ်စုတို့မှ ဈေးရောင်းဈေးဝယ် သူများအား COVID-19 ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက်Mask နှင့်Face Shield များကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြကြောင်း သိရသည်။ သိန်းဖေ(မာန်အောင်)

ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပြည်ခိုင်ဖြိုးမှ ငွေများလှူဒါန်း

 

၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid -19 ရောဂါကာကွယ်ရေးအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီ၀င်)နှင့် စစ်တွေမြို့နယ် ပါတီဥက်္ကဋ္ဌ ဒေါ်အေးမာခင်တို့မှ စစ်တွ ေပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ဃဥဠှီု-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေသိန်း (၃၀)ကျပ် အား ပေးအပ်ခဲ့ရာ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီ ဒေါက်တာဇော်လွင်မှ လက်ခံရယူခဲ့ပြီး ပြည်နယ်ပါတီသို့ ကျေးဇူးတင် ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။

ကုလားဘာတောင်စျေး၌ Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

 

မာန်အောင် သြဂုတ်

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင် ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင် ထွန်းနှင့် ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉နာရီက ကျောက် ဖြူကုလားဘာတောင် စျေးတွင် COVID-19 ရောဂါကာ ကွယ်နိုင်ရေးအတွက် စျေးရောင်း စျေးဝယ်သူများနှင့် သုံးဘီးယာဉ် မောင်းများအား Mask နှင့် Face ShieId များကို အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။သိန်းဖေ(မာန်အောင်)

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၂/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရခိုင်ပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ ခရိုင် ၂ ခရိုင်အတွင်းရှိ ခရိုင်ပါတီ/ မြို့နယ်ပါတီများ တာဝန်ရှိသူများအား တွေ့ဆုံ

 

စစ်တွေ၊ ဖေဖော်ဝါရီလ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများသည်၊ ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင် (၂) ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ စစ်တွေခရိုင် အတွင်းရှိ မြို့နယ်ပါတီ တာဝန်ရှိသူ များနှင့် တွေ့ဆုံ

 

စစ်တွေ စက်တင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ပြည်နယ် တာဝန်ရှိသူများသည် စစ်တွေခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည်နယ် ပါတီရုံးအစည်းအဝေး ခန်းမ၌ တွေ့ဆုံ ခဲ့ကြသည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ တက်ရောက် ကုသိုလ်ယူ

 

စစ်တွေ သြဂုတ် ၁၅

စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ တက်ရောက် ကုသိုလ်ယူခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာမြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန် ကျောင်းတိုက်တွင် (ယမန်နေ့) ဝါခေါင်လပြည်နေ့ (ဥပုသ်နေ့) နံနက် ၉ နာရီက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ တိုင်းရင်းသားရေးရာ ကော်မတီဝင် မိသားစု သိမ်တော်ဆောက်လုပ်ရန် အလှူငွေမတည် လှူဒါန်း

 

စစ်တွေ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စေတီယတောင် ပေါ်တွင်ရှိသည့် အသီတိသာဝက ရှစ်ကျိပ်ဆောင်ဘုရား သိမ်တော် ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် တိုင်းရင်းသား ရေးရာကော်မတီဝင် ဦထွေးလှ (ဗဟိုကော်မတီဝင်) နှင့်ဇနီး ဒေါ်စန်းစန်းမော် မိသားစုက အလှူငွေကျပ် ၂၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။