ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ စစ်တွေခရိုင် အတွင်းရှိ မြို့နယ်ပါတီ တာဝန်ရှိသူ များနှင့် တွေ့ဆုံ

 

စစ်တွေ စက်တင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ပြည်နယ် တာဝန်ရှိသူများသည် စစ်တွေခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည်နယ် ပါတီရုံးအစည်းအဝေး ခန်းမ၌ တွေ့ဆုံ ခဲ့ကြသည်။

စစ်တွေခရိုင်အတွင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့ဆက်လုပ်ဆောင်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပါတီဗဟိုမှ လမ်းညွှန် မှာကြားချက်များ၊ ပါတီဗဟို၏ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေမှုများအားရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီများ အနေဖြင့် ရှေ့ဆက်လုပ်ဆောင် သွားကြရမည့် ပါတီရှေ့လုပ်ငန်းစဉ်များအား အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေက ပြည်နယ်ပါတီ၏ လုပ်ကိုင်ဆောင်ရွက် ထားရှိမှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီများ လုပ်ဆောင်သွားရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် စစ်တွေခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်စိုးက အစည်းအဝေး ခေါ်ယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး ခရိုင်ပါတီဘဏ္ဍာရေးမှူး ဒေါ်မြမြအေးက ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအား တင်ပြဆွေးနွေး ခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိမြို့နယ်၏ လုပ်ကိုင်ဆောင်ရွက်ထား ရှိမှုအခြေအနေများအား မြေပြင်တွင်ကြုံ တွေ့နေရသည့် အခက်အခဲများ၊ ရှေ့ဆက်ကြုံတွေ့လာရမည့် အခက်အခဲများအား ရှင်းလင်း တင်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ကြသည်။

ယင်းနောက်သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ ခရိုင်ပါတီကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး သိရှိလိုသည် များအား မေးမြန်းခဲ့ကြရာ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြား ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ စစ်တွေခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ ရသေ့တောင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ ပုဏ္ဏား ကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ပေါက်တောမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်သိန်းတို့နှင့် သက်ဆိုင်ရာ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူးများ တက်ရောက် ခဲ့ကြသည်။

နိုင်စေရန်