စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ တက်ရောက် ကုသိုလ်ယူ

 

စစ်တွေ သြဂုတ် ၁၅

စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ တက်ရောက် ကုသိုလ်ယူခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာမြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန် ကျောင်းတိုက်တွင် (ယမန်နေ့) ဝါခေါင်လပြည်နေ့ (ဥပုသ်နေ့) နံနက် ၉ နာရီက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် သာသနာ့ဗိမာန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီး ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းရခြင်း အကျိုးတရားများအား နာယူခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ကပ်လှူပူဇော်ခြင်း၊ ဆရာတော်နှင့်တကွ ကျောင်းရှိသံဃာများ၊ ဥပုသ်သီလ ဆောက်တည်နေကြသော ဥပုသ်သည်များအား နေ့လယ်ဆွမ်းလှူဒါန်း ကျွေးမွေးခြင်း၊ ပြုပြုသမျှ ကုသိုလ်အစုစုတို့အား ရေစက်ချအမျှဝေခြင်းများအား ပြုလုပ်ခဲ့ကြသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်တကွ ပါတီဗဟိုကော်မတီဝင် ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စစ်တွေ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်မြမြအေးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီဝင်များ စုပေါင်းကုသိုလ်ယူ ခဲ့ကြသည်။

နိုင်စေရန်