ကျေးရွာပေါင်းစုံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ပထမဆုနှင့် ဆုဖလားများ ပုဏ္ဏားကျွန်းပြည်ခိုင်ဖြိုး ချီးမြှင့်

 

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်အုပ်စု၊ ပိုးရွှီပြင်ကျေးရွာ၌ ကျးရွာပေါင်းစုံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ အသင်းပေါင်း ၅၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုရရှိခဲ့သော သာစည်ကျေးရွာအသင်းအား ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆုတော်ငွေများနှင့် ဆုဖလားများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဆုအတွက် ချီးမြှင့်ငွေ နှစ်သိန်းကျပ်အပြင် ဆုဖလားအား စစ်တွေခရိုင် ပါတီကော်မတီဝင် ဦးသာထွန်းအေး (မြို့နယ်တာဝန်ခံ)နှင့် ပုဏ္ဏားကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းတို့မှ ငွေကျပ် ( ၂၀၀၀၀၀ /-) နှစ်သိန်းနှင့်အတူ ဆုဖလားအား ချီးမြှင့်ခဲ့ရာ မြို့နယ်ကော်မတီဝင် ဦးဇော်ဦးမောင် (ပိုးရွှီပြင်နယ်မြေတာဝန်ခံ) က ပါတီကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ

 

၂၀၁၈ ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး ခြံဝင်း၌ လူငယ်တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ရပ်/ကျေးလူငယ် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ လူငယ်တွေ့ဆုံပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်အစုအဖွဲ့တစ်ခုချင်း၏ စာတမ်းများအား
လူငယ်ခေါင်းဆောင်(၇)ဦးမှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်ကြိုဆို

 

၅. ၃ .၂၀၁၈ ရက်နေ့ ညနေ (၃း၃၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့ ကျောင်းတက်လမ်းရပ်ကွက် ဓမ္မသုခကျောင်းတိုက် ဦးစီးပဓာနနာယက (ပြည်နယ်သံဃနာယက ဥက္ကဋ္ဌ) ဆရာတော်ကြီးအား နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော (အဂ္ဂမဟာပဏ္ဍိတ) ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရပြီး ဆရာတော်စစ်တွေမြို့သို့ ပြန်လည်ကြွရောက်လာစဉ် ပြည်နယ်ရုံးဘေး လမ်းခုလတ်၌ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီအမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ခရီးဦးကြိုဆို၍ လှူဒါန်းဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲကြသည်။

မြောက်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ

 

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် မြောက်ဦးမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လူငယ်တွေ့ဆုံပွဲနှင့် ဖိုရပ်ငယ်တခုကို ကျင်ပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံပွဲတွင် မြောက်ဦးခရိုင်ပါတီဥက္ကဋ္ဌ ဦးလှသာထွန်းမှအဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးမောင်လှဝေမှ လူငယ်တွေ့ဆုံပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီးလည်းကောင်း ရှေ့ဆက်ပြီးလူငယ်များ၏ အခန်းကဏ္ဍများကိုရှင်လင်းပြောကြားကာ တက်ရောက်လာကြသော လူငယ် (၅၀) တို့မှလည်းအုပ်စုလိုက်ဖွဲ့ပြီး ဖိုရမ်များပြုလုပ်ဆွေးနွေးကြကြောင်းနှင့် အစည်းအဝေးကို ညနေ (၁၆း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဦးထွေးလှ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွေးလှ(နတလညွှန်ချုပ်ငြိမ်း) သည် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းတို့သည် ကျောက်ဖြူမှ မာန်အောင်သို့ လေယာဉ်ဖြင့် ယခုလ ၁၂ရက် မွန်းလွဲ ၁၂နာရီခွဲ ကရောက်ရှိလာရာ မာန်အောင်မြို့ နယ်ပါတီမှ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးခေါင်းဆောင်များကလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆင့်ပွားသင်တန်းအမှတ် ၁/ ၂ဝ၁၈ ဖွင့်လှစ်

 

ရခိုင်ပြည်နယ်သံတွဲခရိုင်သံတွဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပ သည့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗဟို ကော်မတီဝင် ဦးလှဟန်၊ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် ခရိုင် ကော်မတီဝင်ဒေါ်ဝင်းမင်းမာထွန်း၊ ဦးသန်းစိုး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးစန်းနိုင်၊အတွင်းရေးမှူးဦးကြည်ရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးခေါင်းဆောင်များ၊ သင်တန်း သား သင်တန်းသူများတက်ရောက် ခဲ့ကြပြီး ၁/၂ဝ၁၈ ဆင့်ပွားသင် တန်းကို အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှကြီးမှူးသည့် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၄/၂၀၁၈) ကျောက်ဖြူခရိုင်တွင်ဖွင့်လှစ်

 

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်ပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်၊၊

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ပြည်နယ်ကော်မတီဝင် ဦးသိန်းနုမှ သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်၊၊

ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း (၃/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေး ပြုကာနိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ပါတီအတွင်းရေးမှူးဦးသန်းဝေ(ဗဟိုကော်မတီဝင်) က အဖွင့်အမှာစကားပြောကြားခဲ့သည်။

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

သံတွဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ကော်မတီဝင် မြို့နယ်တာဝန်ခံ         ဦးတင်မောင်သန်း၊ ခရိုင်ကော်မတီဝင် ဦးသန်းစိုး၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးကြည်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ               တတ်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသည် ညနေ၂ နာရီခွဲအချိန်တွင် ပြီးဆုံးခဲ့ပါသည်။

နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၂/၂၀၁၇) မောင်တောခရိုင်ပါတီ ဖွင့်လှစ်သင်ကြား

မောင်တော၊ ဒီဇင်ဘာ ၂၀ 

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးပြီး မောင်တောခရိုင် ပါတီရုံးအစည်းအဝေး ခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၂/၂၀၁၇) ကို ဖွင့်လှစ်သင်ကြားရာ ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပြုလုပ်ခဲ့ကြပါသည်။