ပြည်ခိုင်ဖြိုးပါတီ တိုင်းရင်းသားရေးရာ ကော်မတီဝင် မိသားစု သိမ်တော်ဆောက်လုပ်ရန် အလှူငွေမတည် လှူဒါန်း

 

စစ်တွေ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စေတီယတောင် ပေါ်တွင်ရှိသည့် အသီတိသာဝက ရှစ်ကျိပ်ဆောင်ဘုရား သိမ်တော် ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် တိုင်းရင်းသား ရေးရာကော်မတီဝင် ဦထွေးလှ (ဗဟိုကော်မတီဝင်) နှင့်ဇနီး ဒေါ်စန်းစန်းမော် မိသားစုက အလှူငွေကျပ် ၂၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီခွဲက ဦးထွေးလှနှင့်ဇနီး မိသားစုသည် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ လှူဒါန်းခဲ့ရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံရွှေခိုင်က လက်ခံရယူခဲ့သည်။

အဆိုပါ အလှူငွေလှူဒါန်းရာသို့ ဦးထွေးလှမိသားစုနှင့်အတူ ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ကျောက်ဖြူ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ဒေါက်တာထိန်လင်းဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဂေါပကအဖွဲ့ဝင် များလည်း ပါဝင်ကုသိုလ်ယူခဲ့ကြသည်။

ထို့နောက် ဥပုသ်သီလဆောက်တည် သူများအတွက် နေ့လည်ဆွမ်း ဘောဇဉ်အာဟာရဒါနတို့ကို ဦးထွေးလှ မိသားစုက လှူဒါန်းခဲ့ကာ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။

သိမ်တော် တည်ဆောက်ရန်အတွက် ဦးထွေးလှနှင့် မိသားစုတို့က မတည်အလှူငွေ ကျပ်သိန်း ၁ဝဝ လှူဒါန်းရန် ဆရာတော်ကို ပန်ကြားပြီးနောက် ယနေ့လှူဒါန်းသော အလှူငွေမှာ တတိယအကြိမ်မြောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။နိုင်စေရန်