သံတွဲခရိုင်နှင့် မြို့နယ် ပါတီဆိုင်းဘုတ်အသစ် စိုက်ထူပွဲပြုလုပ်

 

သံတွဲခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်စိုက်ထူပွဲကို သံတွဲခရိုင်ပါတီရုံး၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ အမျိုးသမီရေးရာပါတီဝင်များတက်ရောက်ခဲ့ပြီး ပါတီဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းကာ စိုက်ထူခဲ့ကြသည်။

သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူငယ်ခေါင်းများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်းမှ ပါတီဌာနချုပ်နှင့် ပြည်နယ်ပါတီ၏ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဗဟိုကော်မတီဝင် ဦးထွေးလှ တောင်ကုတ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ စလူကျေးရွာသို့ သွားရောက်ပြီး အဝတ်အထည်များနှင့် ဆိုလာမီးများ ပေးအပ်

 

တောင်ကုတ်၊ ဇူလိုင် ၁၇

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရုံးခြံသန့်ရှင်းရေးပြုလုပ်

 

၂၀၁၈ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အားဖြင့် စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးအဖွဲ့ဝင်များမှ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခြံသန့်ရှင်းရေးကို နေ့လည်(၁၄း၀၀)အချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းလုပ်အား ပေးခဲ့ကြသည်။

USDP(စစ်တွေ


မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများရှိ ပါတီအောင်လံသစ်လွှင့်တင်ခြင်းအခမ်းအနားကျင်းပ

 

၂၇.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများတွင် ပါတီအောင်လံတော် အသစ်လွှင့်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးလှသာထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးမောင်လှဝေနှင့် ခရိုင်မြို့နယ် ပါတီကော်မတီများ၊ ရုံးဝန်ထမ်းအဖွဲ့များ တက်တက်ကြွကြွ ပါဝင်ဆင်နွဲခဲ့ကြပါသည်။


ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ( ၈း ၃၀ ) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ခဲ့ပါကြသည်။
အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်စိန်အောင်၊ ဦးစောမောင်သိန်း ၊ ဦးအောင်စံမြ ၊ ဦးထွန်းစံမောင် တို့နှင့်အတူ ပါတီရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။

သံတွဲခရိုင်​နှင့်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းအခမ်းအနားကျင်းပ

 

ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးတင်​​မောင်​သန်း၊ သံတွဲခရို​င်​ဥက္ကဌ ဦး​ကျော်​ဇင်​၊ခရိုငိပါတီ​​ကော်​မတီဝင် ​ဦးဝင်းသိန်းနှင့် ဦးသန်းစိုး၊ မြို့နယ်​ဥက္ကဌ ဦးစန်းနိုင်​နှင့် ကော်​မတီဝင်​များ၊ ပါတီဝင်​လူငယ်​များသည် ​ယ​နေ့နံနက်​ ၉ နာရီတွင်​ အလံတင်​အခမ်းအနားနှင့် အ​လေးပြုခြင်းအခမ်းအနားကို သံတွဲခရိုင်​နှင့်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ကျင်းပပါသည်။


ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီအလံသစ် လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှင့်ထူထားသော ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား လွှင့်ထူခဲ့ကြသည်။ အဆိုပါအလံသစ်တင်ပွဲသို့ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ(လူငယ်တာဝန်ခံ)၊ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး၊ စစ်တွေမြို့နယ်အတွင်းရေးမှူး ဒေါ်အေးမာခင်နှင့် ပြည်နယ်ပါတီရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်

 

၃၁.၅.၂၀၁၈ နေ့တွင် မာန်အောင်မြို့ မြို့သစ်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အသစ် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် ကော်မတီဝင်များမှ ပါတီဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ ပါတီဝင်သစ်(၃၀)ဦး၏ အဆိုပြုလွှာများကို ရပ်/ကျေးပါတီအဖွဲ့ဝင်ဒေါ်ခင်လှကြည်မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်ထံသို့ ပေးအပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များတပ်ဆင်ခဲ့ကြသည်။
TM