ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ် လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး-ထန်းတပင်မြိုနယ်-ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးခန်းမ၌  နံနက်( ၁၁း၀၀) အချိန်ကပါတီဥက္ကဌ ဦးသိန်းရီနှင့် နယ်မြေခံ မြိုနယ်ပါတီကော်မတီဝင်များ ရပ်/ ကျေး ပါတီဥက္ကဌများနှင့်  ပါတီဝင်စိစစ်ခြင်း မှတ်ပုံတင်လွဲမှားခြင်း အခြားပါတီများတွင်ဝင်ရောက်မှုရှိ/မရှိစိစစ်ခြင်းများပြုလုပ်ကြသည်-ဆက်လက်၍ မြိုနယ်ပါတီဥက္ကဌမှ  ပြည်ခိုင်ဖြိုးပါတီဗဟို-ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ-မှော်ဘီခရိုင်တိုမှ ပါတီ၏ရှေ့ဆက်လုပ်ကိုင်မည့်လုပ်ငန်းများ ရက်( ၉၀) စီမံချက်ရွေးကောက်ပွဲဆိုင်ရာ ပါတီဝင်အသစ်တိုးပွားရေးဆက်လက်ဆောင်ရွက်ကြရန် ဆွေးနွေညှိနှိင်းမှုများပြုလုပ်ခဲ့ကြောင်းသိရ ပြီး ပါတီဝင်စိစစ်ခြင်း ဆွေးနွေးညှိနှိင်းမှုအစည်းအဝေးအားမွန်းလွဲ( ၁း၀၀)အချိန်ပြီးဆုံးကြောင်းသိရှိရသည်။

==========================

ပြည့်မဏ္ဍိုင်ဆုံဆည်းရာစကားဝိုင်းပြုလုပ်

မန္တလေး စက်တင်ဘာ ၂၄
၂၄-၉-၂၀၂၃ ရက်နေ့ ၁၆:၀၀မှ၁၇:၃၀ အချိန်ထိ ချမ်း မြသာစည်မြိုနယ်၊သံလျက်မှော်(တောင်)ရပ်ကွက်တွင် ပြည့်မဏ္ဍိုင်ဆုံဆည်းရာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ မဟာအောင်မြေခရိုင်ပါတီအတွင်းရေးမှုး ဦးဝင်းလှိင်ငြိမ်းနှင့်ကော်မတီဝင်များ၊ချမ်းမြသာစည်မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ပါတီဝင်များ၊ဝါရင့်ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးက တက်ရောက်လာသည့် ခရိုင်/မြိုနယ်ပါတီကော်မတီဝင်များနှင့်မိတ်ဆက်ပေးခဲ့ပြီး ခရိုင်ပါတီအတွင်းရေးမှုး ဦးဝင်းလှိင်ငြိမ်း၊မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးတိုက တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်လက်ရှိနိုင်ငံရေး အခြေအနေများ၊၂၀၂၀ ခုနှစ်၊ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်များ၊လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်း၊ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဒေသအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

First Time Voter များနှင့်တွေ့ဆုံဆွေးနွေး

ဒေးဒရဲ စက်တင်ဘာ ၂၄
(24-9-2023)ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ် မရမ်းဝကျေးရွာရှိဦး ကျော်မိုးနေအိမ်အား ဆုံစည်းရာ နေရာ ပြုလုပ်၍ မြိုနယ်ပါတီ ခေတ္တဥက္ကဌ ဦးမျိုးဇော်ဦး၊ မြိုနယ်ပါတီကော်မတီဝင် ဒေါ်မိုးသီတာ အောင်၊ဦးမြင့်ခိုင်၊ဦး ကျော် ဇေယျ၊ဦး နေဝင်းနိုင် မြိုနယ်အရံပါတီ ကော်မတီဝင် စော ဂေါ်ဂဲ တိုဖြင့် ပြည့်မဏ္ဏိုင်ကိစ္စရပ်များ၊ပါတီရှေ့ဆက်လုပ်ဆောင်ရမည့်ကိစ္စရပ်များနှင့် ကျေးရွာအတွင်းလိုအပ်ချက်များအား ပါတီဝန်းရံ+ပါတီကင်းကွာ+first time voter (၃၈)ဦးဖြင့် တွေ့ဆုံ ဆွေး နွေးခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်


ဖျာပုံ စက်တင်ဘာ ၂၃

==========================

စာသင်ကျောင်းနှင့်ကျေးလက်ဆေးပေးခန်းအား အမှိက်ခြုံနွယ်များရှင်းလင်း

ဖျာပုံ စက်တင်ဘာ ၂၃
(၂၃.၉.၂၀၂၃)ရက်နေ့၊မနက်(၀၇၀၀)နာရီအချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ထော်ပိုင်ကျေးရွာအုပ်စု၊ထော်ပိုင်ကျေးရွာရှိအလယ်တန်းကျောင်းနှင့်ကျေးလက်ဆေးပေးခန်းပလဝန်းရှိအမှိက်များ၊ခြုံနွယ်များနှင့်မြက်ပင်များအားထော်ပိုင်ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသောင်းအေးခေါင်းဆောင်ပြီးပါတီဝင်အမာခံလူငယ်၊အမျိုးသမီးအင်အား(၂၀)ဦး၊ကျေးရွာပြည်သူ(၃၇)ဦး၊ပေါင်း(၅၇)ဦးဖြင့်စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ပါသည်။


ကျေးရွာမီးလင်းရေး ကူညီဆောင်ရွက်

နမ့်စန်   စက်တင်ဘာ ၂၃
( ၂၃.၉. ၂၀၂၃ ) ရက်နေ့ နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဌေးလွင် ( ခ ) ဦးဒီလုံး ဦးဆောင်၍  နမ့်စန်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့်နွယ် နှင့် မြိုနယ်ကော်မတီဝင်များသည် ဘန့်ဟင်ကျေးရွာအုပ်စု နှင့် ဟိုရမ်ကျေးရွာအုပ်စုအတွင်းရှိ လွိင်တန့် ၊ နမ့်ပန် ၊ ကုန်းကျောင်း ၊ နမ့်လင်းကျေးရွာများ မီးလင်းရေးအတွက်  မြိုနယ်လျှပ်စစ်ဓာတ်အားပေးအဖွဲ နှင့်အတူ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးလှုပ်ရှားမှုအဖြစ် သီလရှင်ဝတ်စုံနှင့်စာရေးကိရိယာများလှုဒါန်း

2023, Sep, 23
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ ၏ အင်အားစုတစ်ရပ်ဖြစ်သော အမျိုးသမီးထုအဖွဲများ၏ လှုပ်ရှားမှုတစ်ရပ်အဖြစ် သီလရှင်ဝတ်စုံများလှုဒါန်းခြင်း နှင့် စာရေးကိရိယာများလှုဒါန်းခြင်း အခမ်းအနားတစ်ရပ်ကိုရှမ်းတဲကြီးရပ်ကွက်ရှိ ဒေါ်ဖွားသီရှင်စာသင်တိုက် နှင့် သီလရှင်သင်ပညာရေးကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ ၂၃
၂၃-၉-၂၀၂၃ ရက်နေ့ ၀၈:၀၀မှ၀၉:၃၀ အချိန်ထိ ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ၊ မြိုနယ်အမျိုးသမီးရေးရာကော်မတီမှ အမျိုးသမီးကဏ္ဍ လှုပ်ရှားမှုအဖြစ် ကျောက်ဆည်မြိုနယ်၊အင်ရောင်းကျေးရွာရှိ လောကမာရ်အောင်‌ ရွှေဂူကြီးမြတ်စွာဘုရားကြီးတွင် စုပေါင်းပန်းကပ်လှူခြင်း၊ဘုရာကြီးရင်ပြင်တော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူဆောင်ရွက်ခဲ့ကြပါသည်။ထိုသို အမျိုးသမီးရေးရာ လှုပ်ရှားမှုဆောင်ရွက်ရာတွင် ကျောက်ဆည်မြိုနယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦး၊မြိုနယ်အမျိုးရေးရာတာဝန်ခံ ဒေါ်ခင်သန်းနွယ်နှင့်မြိုနယ်ကော်မတီဝင်များ၊မင်းစုကျေးရွာနှင့်အင်ရောင်းကျေးရွာမှ ရပ်/ကျေး ကော်မတီဝင်များ၊အမျိုးသမီးပါတီဝင်များမှ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုနယ်မြေ တိုင်း၊ခရိုင်၊မြို့နယ်ပါတီ‌ ကော်မတီဝင်များ တွေ့ဆုံပွဲကို ဥတ္တရသီရိ ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်