ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ႏွင့္ ျပည္ေထာင္စုနယ္ေၿမ တိုင္း၊ခရိုင္၊ၿမိဳ႕နယ္ပါတီ‌ ေကာ္မတီဝင္မ်ား ေတြ႕ဆုံပြဲကို ဥတၱရသီရိ ခရိုင္ပါတီ႐ုံး၌ က်င္းပျပဳလုပ္

ေနျပည္ေတာ္ စက္တင္ဘာ ၂၁
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဒုတိယဥကၠ႒ ဦးလွထြန္းသည္ ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လွိုင္ျမင့္ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ (၂၁.၉.၂၀၂၃)ရက္ေန႔ နံနက္ပိုင္းကဥတၱရသီရိခရိုင္႐ုံးဝန္းအတြင္းသို႔ လွည့္လည္ၾကည့္ရႈ႔စစ္ေဆးခဲ့ၿပီး ျပည္ေထာင္စုနယ္ေျမတိုင္း၊​ခရိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ဒုတိယဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားရာ တိုင္းျပည္၏လြတ္လပ္ေရးမဆုံးရႈံးေအာင္ကာကြယ္ရာတြင္ ျပည္သူျပည္သားတိုင္းမွာတာဝန္ရွိေၾကာင္း၊တို႔တာဝန္အေရး(၃)ပါးကို ကာကြယ္ေစာင့္ေရွာက္ရမွာျဖစ္ေၾကာင္းႏွင့္ ၊ပါတီတြင္းစည္း႐ုံးေရး၊ပါတီျပင္ပစည္း႐ုံးေရးကိစၥရပ္မ်ား၊အုပ္ခ်ဳပ္ေရးကိစၥရပ္မ်ားေျပာၾကားခဲ့ပါသည္။ဆက္လက္၍ ပါတီဗဟိုအလုပ္မႈေဆာင္ ဦးတင္လွိုင္ျမင့္မွ ပါတီစည္းကမ္းထိမ္းသိမ္းေရးႏွင့္ပါတ္သက္သည့္ လုပ္ငန္းစဥ္မ်ားကို အက်ယ္တဝံ့ ရွင္းလင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ ၿမိဳ႕နယ္ဥကၠ႒မ်ား၊ ခရိုင္ဥကၠ႒မ်ား၊ ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္မ်ားမွ ၿမိဳ႕နယ္အလိုက္စည္း႐ုံးေရး ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ “ျပည့္မ႑ိဳင္” လုပ္ေဆာင္ေနမႈ႔မ်ား၊ ပါတီဝင္လူငယ္မ်ား အလုပ္အကိုင္အခြင့္အလမ္း ရရွိနိုင္ေရး ေဆာင္ရြက္ေနမႈမ်ား ကိုအေသးစိတ္တင္ျပခဲ့ပါသည္။
ထို႔ေနာက္ ျပည္ေထာင္စုနယ္ေျမ၏တင္ျပေဆြးေႏြးခ်က္မ်ားအေပၚ ဒုတိယဥကၠ႒မွ ေပါင္းစပ္ညႇိႏွိုင္း ေဆာင္ရြက္ေပးခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေန႔လည္ပိုင္းတြင္ေတြ႕ဆုံပြဲ ၿပီးေျမာက္ခဲ့ပါသည္။

==========================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုနယ်မြေ တိုင်း၊ခရိုင်၊မြို့နယ်ပါတီ‌ ကော်မတီဝင်များ တွေ့ဆုံပွဲကို ဥတ္တရသီရိ ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်

နေပြည်တော် စက်တင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် (၂၁.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းကဥတ္တရသီရိခရိုင်ရုံးဝန်းအတွင်းသို့ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စုနယ်မြေတိုင်း၊​ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ တိုင်းပြည်၏လွတ်လပ်ရေးမဆုံးရှုံးအောင်ကာကွယ်ရာတွင် ပြည်သူပြည်သားတိုင်းမှာတာဝန်ရှိကြောင်း၊တို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်းနှင့် ၊ပါတီတွင်းစည်းရုံးရေး၊ပါတီပြင်ပစည်းရုံးရေးကိစ္စရပ်များ၊အုပ်ချုပ်ရေးကိစ္စရပ်များပြောကြားခဲ့ပါသည်။ဆက်လက်၍ ပါတီဗဟိုအလုပ်မှုဆောင် ဦးတင်လှိုင်မြင့်မှ ပါတီစည်းကမ်းထိမ်းသိမ်းရေးနှင့်ပါတ်သက်သည့် လုပ်ငန်းစဉ်များကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် မြို့နယ်ဥက္ကဋ္ဌများ၊ ခရိုင်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုနယ်မြေကော်မတီဝင်များမှ မြို့နယ်အလိုက်စည်းရုံးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ “ပြည့်မဏ္ဍိုင်” လုပ်ဆောင်နေမှု့များ၊ ပါတီဝင်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေး ဆောင်ရွက်နေမှုများ ကိုအသေးစိတ်တင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၏တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လည်ပိုင်းတွင်တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ပါသည်။