မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ လှုပ်ရှားမှုပြုလုပ်

 

ရန်ကုန် ၊သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ်သည့် အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက်ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်း ဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသပြုလုပ်ခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ သြဂုတ် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီကော်မတီဝင်များ၊ ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌနှင့် အမြဲစိမ်းအမျိုးသမီးအဖွဲ့ တွေ့ဆုံ

 

ပေါက်ခေါင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးရေးရာ ဒုတိယ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ထားထား နု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ ပေါက်ခေါင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ပေါက်ခေါင်းမြို့နယ် ရပ်သစ်အုပ်စု ဆည်တော်ဦးရွာ (အမြဲစိမ်း) အမျိုးသမီး အဖွဲ့နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံစကားပြောကြားပြီး တိုင်းပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ထားထားနုက ဆပ်ပြာရည်လုပ်နည်းကို လက်တွေ့သင်ကြားကာ ဆပ်ပြာရည်ဗူးများအား ပေးအပ်ခဲ့ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာလှုပ်ရှားမှု ပြုလုပ်

 

ရန်ကုန် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ် သည့်အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက် ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်းဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသ ချက်ပြုတ်ပြုလုပ်ခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ကျင်းပ

 

တန့်ယန်း သြဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာအုပ်စု၊ လုံးပုံးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးကျော်လှိုင်၊ အမျိုး သမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာ ခွဲမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ကာကွယ် တာဆီးရေးလုပ်ငန်း၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းခဲ့မှုများအပေါ် ဆွေးနွေးညှိနှိုင်းသည့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ဆွေးနွေးပြီးနောက် လုံးပုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်ဆုံးရှုံးမှုအတွက် တန့်ယန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ နှစ်သိန်းကျပ်တိတိ ( ၂၀၀၀၀ဝိ/- ) အား လှူဒါန်းခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

ပဲခူး သြဂုတ် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့သည် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်ရှုတ်ချ

 

စလင်း ၊ သြဂုတ် (၄)

နိုင်ငံခြားသားကလေး မွေးစားခွင့်ဟု လူသိများနေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအား ကန့်ကွက်ရှုတ်ချပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ် ခဲ့သည့် လှုပ်ရှားမှုကြီး တစ်ရပ်အား မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ယမန်နေ့ နံနက် (၈) နာရီက စတင် ပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက် လှူဒါန်း

 

ရန်ကုန် သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက် လှူဒါန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဝေါမြို့နယ် ဒေသခံပြည်သူများနှင့် ဆွေးနွေးပွဲ ပြုလုပ်

 

ဝေါ သြဂုတ် ၎