ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီတာဝန်ရှိသူများ မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ရပ်ကျေးပါတီ ကော်မတီများ နှင့်တွေ့ဆုံ

 

မြိတ် သြဂုတ် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး မြိတ်ခရိုင်၊ ကျွန်းစု၊ တနင်္သာရီ၊ မြိတ်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့သည်။

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုများ နိဗ္ဗာန်ရည်မှန်းပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ နံနက် ၁ဝ နာရီက ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

(၅၈) နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ပြည်ခိုင်ဖြိုးပါတီ တက်ရောက် လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက်ပုလဲရတနာလမ်းရှိ ပိဋကသုံးပုံနိကာယ် စာသင်တိုက်တွင် ယမန်နေ့ နံနက် ၈ နာရီခန့်က နိုင်ငံတော်ဘာသာ သာသနာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်း (၅၈) နှစ်မြောက်အထိမ်း အမှတ်ကုသိုလ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ တက်ရောက် ကုသိုလ်ယူ

 

စစ်တွေ သြဂုတ် ၁၅

စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ တက်ရောက် ကုသိုလ်ယူခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာမြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန် ကျောင်းတိုက်တွင် (ယမန်နေ့) ဝါခေါင်လပြည်နေ့ (ဥပုသ်နေ့) နံနက် ၉ နာရီက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

ကလောမြို့နယ်ရှိ ကျေးရွာအချို့မှာ ပြည်ခိုင်ဖြိုးနယ်လှည့် ဆေးကုသပေး

 

ကလော၊ သြဂုတ် ၁၅

ပြည်ခိုင်ဖြိုးပါတီက ကလောမြို့နယ်မှာရှိတဲ့ ကျေးရွာအချို့မှာ အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းတွေကို သုံးရက်ကြာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့် ဦးဆောင်တဲ့ ဆေးကုသရေး အဖွဲ့က ဒုတိယမြှောက်နေ့မှာတော့ ကလောမြို့နယ် ဘော်နင်းကျေးရွာမှာ ကျေးရွာပေါင်း ၂၂ ရွာက ဒေသခံ သုံးရာဝန်းကျင်းက လာရောက်ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူ ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေးသင်တန်း တက်ရောက်မည့် သင်တန်းသားများနှင့် တွေ့ဆုံ

 

ရန်ကုန် သြဂုတ် ၁၅

ပြည်ခိုင်ဖြိုးပါတီ တိုင်းရင်းသားရေးရာ ကော်မတီဝင် မိသားစု သိမ်တော်ဆောက်လုပ်ရန် အလှူငွေမတည် လှူဒါန်း

 

စစ်တွေ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စေတီယတောင် ပေါ်တွင်ရှိသည့် အသီတိသာဝက ရှစ်ကျိပ်ဆောင်ဘုရား သိမ်တော် ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် တိုင်းရင်းသား ရေးရာကော်မတီဝင် ဦထွေးလှ (ဗဟိုကော်မတီဝင်) နှင့်ဇနီး ဒေါ်စန်းစန်းမော် မိသားစုက အလှူငွေကျပ် ၂၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံမြို့နယ် ရပ်ကျေးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဖျာပုံ သြဂုတ် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် နှင့် ဒေါက်တာ မြတ်မြတ်အုန်းခင်တို့သည် ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်၊ ရပ်/ ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီအလုပ်အမှုဆောင် များဖြစ်ကြသော တိုင်းဒေသကြီးပါတီ တာဝန်ခံ ဦးခင်ရီ၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က ဆိပ်ကြီး ခနောင်တိုမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

သြဂုတ် ၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၇-၈-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ ပါသည်။