ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

သြဂုတ် ၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၇-၈-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ ပါသည်။