ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီတာဝန်ရှိသူများ မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ရပ်ကျေးပါတီ ကော်မတီများ နှင့်တွေ့ဆုံ

 

မြိတ် သြဂုတ် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး မြိတ်ခရိုင်၊ ကျွန်းစု၊ တနင်္သာရီ၊ မြိတ်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ အတွင်း ရေးမှူး ဦးနေမျိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသိန်းလွင်၊ မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေ၊ အတွင်းရေးမှူး ဦးအောင်ဇော်မိုး၊ မြိတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ တနင်္သာရီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဋ္ဌ ဦးငွေထွန်းနှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး အမာခံ ပါတီဝင်များ တက်ရောက်ကြပြီး ပါတီဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးက ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ကိစ္စရပ်နှင့် စပ်လျဉ်း၍ အမှာစကားပြောကြား ခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များက မိမိတို့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အလိုက် ပြည်သူ့ အကျိုးပြု လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အဆင့်ဆင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြပြီး တင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးနယ်မြေ တာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးက ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်လင်း(မြိတ်)