ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူ ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေးသင်တန်း တက်ရောက်မည့် သင်တန်းသားများနှင့် တွေ့ဆုံ

 

ရန်ကုန် သြဂုတ် ၁၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် (ရန်ကုန်) ၌ ထိုင်းနိုင်ငံတွင်ဖွင့်လှစ်မည့် စိုက်ပျိုးရေးသင်တန်းသို့ တက်ရောက်မည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား ၄၉ ဦး အား တွေ့ဆုံအမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ အတွေ့အကြုံများ ရရှိရန် ရည်ရွယ်စေလွှတ်ခြင်းဖြစ်ကြောင်း၊ လယ်ယာထုတ်ကုန်များ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း နည်းနေကြောင်း၊ ဒေသခံတောင်သူများအတွက် လက်တွေ့နယ်ပယ်တွင် အကျိုး ရှိစွာ ပူးပေါင်းအသုံးချနိုင်ရေး လေ့လာဆည်းပူးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ သင်တန်းသားအဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်မောင်တင့်နှင့် ဦးမျိုးမင်းနိုင်တို့က ခရီးစဉ်နှင့် ပတ်သက်၍ တည်းခိုမှု၊ စားသောက်မှု နှင့်သင်တန်းစည်းကမ်းများ တင်ပြဆွေးနွေးပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။ရဲလေး