ဝါတွင်းကာလဆွမ်းလောင်းလှူပွဲကျင်းပ တွံတေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုများလောင်းလှူ

 

ရန်ကုန် သြဂုတ် ၂၉

၂ဝ၁၈ ခုနှစ် ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲ ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုများက ဆွမ်းလောင်း လှူပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးရှေ့၌ ကျင်းပခဲ့သည်။

တွံတေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၅ ကျောင်းမှ သံဃာတော်အပါး ၁၁ဝ အား ဆွမ်း လောင်းလှူခဲ့သည်။ အဆိုပါ ဆွမ်းလောင်းလှူပွဲတွင် တွံတေးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာပါတီဥက္ကဋ္ဌများနှင့်ပါတီဝင်များက စုပေါင်း လောင်းလှူကြသည်။

မျိုးလှိုင်(တွံတေး)