ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံမြို့နယ် ရပ်ကျေးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဖျာပုံ သြဂုတ် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် နှင့် ဒေါက်တာ မြတ်မြတ်အုန်းခင်တို့သည် ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်၊ ရပ်/ ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ဒေါက်တာမြတ်မြတ်အုန်းခင်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မျိုးတင့်က မြို့နယ်ပါတီ အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသော ရပ်/ကျေးပါတီဥက္ကဋ္ဌများက မိမိနယ်မြေအလိုက် အခြေအနေ များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ နိဂုံးချုပ်အနေဖြင့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းကိစ္စများအား ပြောကြားခဲ့ကြောင်း သိရသည်။