ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အမှတ် (၁ဝ) ရပ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အာယုဒီက ပျိုးဥယျာဉ်ကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနတွင် မင်္ဂလာဒုံ ပြည်ခိုင်ဖြိုးမှ အအေး စတုဒီသာ လှူဒါန်း

 

မင်္ဂလာဒုံ ဇူလိုင်

ရန်​ကုန်​တိုင်း​ဒေသကြီး ၊မင်္ဂလာဒုံမြို့နယ်​၊ ပျဉ်းမပင်​ရပ်​ကွတ်​ရှိ အာယုဒီကပျိုးဥယျာဉ်​​ ကျောင်းတိုက်​ဆရာ​တော်​ ဘဒ္ဒန္တ အရိယဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဋိတ သက်​​တော် ​(၇၉) ဝါ​တော် ​(၆၀) ၏ အန္တိမဈာပန အခမ်းအနားတွင်​ မင်္ဂလာဒုံမြိုနယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ မြို့နယ်​ဥက္ကဋ္ဌ၊ အတွင်း​ရေးမှူးတို့မှ ဦး​ဆောင်​ပြီး အ​အေးစတုဒီသာ တိုက်​​ကြွေးလှူဒါန်းပြီး ​နောက်​ဆုံးပူ​ဇော်​ခြင်းဖြင့်​ ကုသိုလ်​ပြုပူ​ဇော်​ခဲ့​ကြောင်း သိရှိရသည်​။

စလင်းမြို့နယ် ကံပြားကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေး ဆိုင်းဘုတ်တင်

 

စလင်း ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကန်ပြားကျေးရွာ၌ ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။ မင်္ဂလာအချိန်တွင် ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီ ဆိုင်းဘုတ်ကို စိုက်ထူကြပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းခိုင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ပါတီဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးဝင်းခိုင်၊ ဦးဌေးအောင်၊ ဦးစိုးဝင်း၊ ဦးညွန့်လှိုင်တို့နှင့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသာချို၊ ပါတီရပ်ကျေးကော်မတဝင် ဦးထွန်းမင်း၊ ဦးအောင်မျိုးသက်တို့က ရပ်ကျေးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

လွိုင်ကော် ဇူလိုင် ၇

ကယားပြည်နယ် လွိုင်ကော် မြို့နယ် ထီးစဲခါးကျေးရွာအုပ်စု ဒေါတဟေးရွာ ဦးလှရယ်နေအိမ် တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွိုင်ကော်မြို့နယ် ထီးစဲခါး ကျေးရွာအုပ်စု ခေါတဟေးရွာတွင် ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ပါတီဗဟိုအတွင်းရေးမှူး စက်ချုပ်သင်တန်းဆင်းပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းများ တက်ရောက်

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီ၊ လူငယ်ရေးရာကော်မတီနှင့် အလုပ်သမား ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မော်တာနင်းစက်ချုပ် (အခမဲ့) သင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို လှိုင်သာယာမြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

ဘားအံ ဇူလိုင် ၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်ပါတီရုံး၌ ပြုလုပ်သော လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ သည်။

တကောင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းဝေးနှင့် ပါတီဆိုင်းဘုတ်လဲလှယ် တတ်ဆင်ပွဲ ကျင်းပပြုလုပ်

 

ဇူလိုင် ၎

ယမန်နေ့ (၄-၇-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ရပ်ကျေး ပါတီဥက္ကဌများ စည်းမှူး/ဝင်များ မြို့နယ်ပါတီ ကော်မတီများနှင့် လစဉ်ပုံမှန် အစည်းဝေး ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည် မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးl မြို့နယ်ပါတီ ကော်တီဝင် ဦးနန်းဝေ၊ မြို့နယ် ပါတီကော်မတီဝင် ဦးလှိုင်မျိုးဝင်းတို့မှ ပါတီရှေ့လုပ်ငန်းစဉ်များအား တက်ရောက်လာသော ပါတီဝင်များနှင့် ဆွေးနွေး ကြပါသည်။ ဆက်လက်ပြီး တကောင်းမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကျေးကော်မတီ အဖွဲ့ဝင် ဦးတင် ထွန်းအောင်၏ နေအိမ်တွင် ပါတီဆိုင်းဘုတ်အား လဲလှယ်တတ်ဆင်ခဲ့ ပါသည်။

ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုးပါတီမှ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

 

ဇူလိုင် ၎

ယမန်နေ့ (၄.၇.၂၀၁၉) ရက်​​နေ့ နံနက်​ (၁၀း၃၀) နာရီအချိန်​တွင်​ ပြည်​ကြီးတံခွန်​မြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ တိုင်း /ခရိုင်​/မြို့နယ်​/ရပ်​ကွက်​ ပါတီ​ကော်​မတီများ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပပြုလုပ်သည်။

ပြည်ခိုင်ဖြိုးပါတီ ပဲခူးခရိုင် လစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်

 

ပဲခူး ဇူလိုင်

ဇူလိုင်​ (၅) ရက်နေ့ မနက် (၁၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီရုံးတွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများနှင့် ပုံမှန်အစည်းအဝေး ပြုလုပ်ကျင်းပ ခဲ့ပါသည်။

ထိုအစည်းအဝေးသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော်မော်ထွန်းနှင့် တိုင်းပါတီကော်မတီများ၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။Wai Linn‎