ပါတီဗဟိုအတွင်းရေးမှူး သက်ကြီးဘိုးဘွားများကို ပူဇော်

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူ အသီးသီးကမြို့နယ် ၄၄ မြို့နယ်ရှိ သက်ကြီးဘိုးဘွားများအား လိုက်လံကန်တော့ လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အဖွဲ့ လိုက်ပါ၍ သက်ကြီးဘိုးဘွား အသက် ၉ဝ ကျော် များအား ရပ်ကွက်အလိုက် တစ်အိမ်တက် ဆင်းပူဇော်ကန်တော့ကြရာ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ဒဂုံတောင် မြို့နယ် (၂ဝ) ရပ်ကွက် သက်ကြီးဘိုးဘွားတစ်ဦး၊ (၂၁) ရပ်ကွက်တစ်ဦး၊ (၂၅) ရပ်ကွက် သုံးဦး၊ (၅၄) ရပ်ကွက် သုံးဦး၊ (၆၅) ရပ်ကွက်တစ်ဦး၊ စစ်မှုထမ်းဟောင်း ရပ်ကွက် ၂၂ ဦး၊ လေးထောင့်ကန်ရပ်ကွက် ခုနစ်ဦး၊ သုံးခွ ရပ်ကွက်တစ်ဦး စုစုပေါင်း သက်ကြီးဘိုးဘွား အသက် ၉ဝ ကျော် ၄၂ ဦးတို့အား တစ်အိမ်တက်ဆင်း အလှူငွေနှင့် ဆေးဝါးပစ္စည်းများအား လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း (အမျိုးသမီးရေးရာ)၊ တိုင်းဒေသကြီး ပါတီနာယက ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ် အတွင်းရေးမှူး ဦးထွန်းလွင်၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ လိုက်ပါခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)