ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

လွိုင်ကော် ဇူလိုင် ၇

ကယားပြည်နယ် လွိုင်ကော် မြို့နယ် ထီးစဲခါးကျေးရွာအုပ်စု ဒေါတဟေးရွာ ဦးလှရယ်နေအိမ် တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွိုင်ကော်မြို့နယ် ထီးစဲခါး ကျေးရွာအုပ်စု ခေါတဟေးရွာတွင် ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီနာယက ဦးဘော်ရယ်က လက်ရှိမြန်မာ နိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားသွားပြီး ပြည်နယ်ပါတီနာယက ဦးတောရယ်က ကယားပြည်နယ် အခြေ အနေများ ဆွေးနွေးသွားသည်။ ယင်းနောက် ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးတင်ဦး၊ ပြည်နယ်ပါတီနာယက ဦးခီးရယ်တို့က ယခင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆောင်ရွက်ချက်များ၊ လက်ရှိနိုင်ငံရေး အခြေအနေအများ၊ ပြည်နယ် ဒေသအခြေအနေများ ရှင်းလင်းဆွေးနွေး သွားသည်။ ပြီးနောက် တက်ရောက်လာကြသော ကျေးရွာပါတီ ဝင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး တက်ရောက် လာကြသော ပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသော ပါတီပြက္ခဒိန်နှင့် အိတ်ဆောင် ပြက္ခဒိန်များ၊ သတင်းစာများနှင့် ဂျာနယ်များ ပေးအပ်သည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ၊ ပြည်နယ် ပါတီနာယက ဦးဘော်ရယ်၊ ဦးတောရယ်နှင့် ဦးခီးရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်ညို၊ ပြည်နယ်ပါတီ ကော်မတီ ဝင်များ ဖြစ်ကြသော ဦးတင်ဦး (လွိုင်ကော် မြို့နယ်တာဝန်ခံ)၊ ဦးရဲဝင်း၊ ဒေါ် ဗျားမြာမောင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးစူးရယ်၊ ဦးတူးရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ ဒေါတဟေးရွာ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။မမောင်(ချိကယ်သူ)