ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးထု တွေ့ဆုံပွဲ ကျင်းပ

 

ရန်ကုန် သြဂုတ် ၆

ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်/ရပ်ကွက် အမျိုးသမီးကော်မတီဝင်များ တွေ့ဆုံပွဲ စကားဝိုင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အပေါ်ထပ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲစကားဝိုင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဗဟိုအတွင်း ရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗဟိုကော်မတီ ဝင် (ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာ တာဝန်ခံ) ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီကော်မတီ (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်လဲ့လဲ့အေး၊ ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဘချစ်၊ ပါတီအတွင်းရေးမှူး ဦးအောင်ဇော်ရဲ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ထွန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်/ရပ်ကွက် အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)တွင် ပါရှိသည့် ပုဒ်မ၅၉(စ) နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအား အကျယ်တဝင့် ရှင်းလင်းပြော ကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးပါတီ ဗဟိုကော်မတီဝင် (ရန်ကုန်တိုင်း ဒေသကြီးအမျိုး သမီးရေးရာ တာဝန်ခံ) ဒေါ်စန်းစန်းဝင်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီးအမျိုးသမီး ရေးရာကော်မတီ၏ အမျိုးသမီးရေးရာ လုပ်ငန်းစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း ပုဒ်မ ၅၉(စ) မပြင်သင့်ကြောင်းနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ကန့်ကွက်ပါကြောင်း တညီ တညွတ်တည်း တင်ပြကြကြောင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်က ပြန်လည်ရှင်း လင်းပြောကြားသည်။  ထို့နောက် ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ထွန်းနှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်လေးမြင့်တို့က ပြည်ခိုင်ဖြိုးပါတီဝင် ၅၃ ဦးတို့၏ အဆိုပြုလွှာများကို ပေးအပ်ခဲ့ရာ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်က လက်ခံခဲ့ကြောင်း သိရသည်။