မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာလှုပ်ရှားမှု ပြုလုပ်

 

ရန်ကုန် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ် သည့်အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက် ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်းဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသ ချက်ပြုတ်ပြုလုပ်ခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ထိုဆောင်ရွက်မှုများသည် အမျိုးသမီးများ၏ ဘဝခိုင်မာမှု ယုံကြည်မှု မြင့်မားတည်ရှိရေး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးလှုပ်ရှားမှုပွဲသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့်အတူ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်း ခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လဲ့လဲ့အေး၊ ခရိုင်ပါတီကော်မတီ ဝင် ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အေးအေးမွန် နှင့် မြို့နယ်ပါတီကော်မတီများ၊ ရပ်ကွက်ပေါင်း ၂ဝ တို့မှ ပါတီဝင်အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။  ဗိုလ်ဗိုလ်(Ygn)