တံတောင်နှင့် တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် ၃ ပွဲပယ်ခံရ

Fellaini-and-Huth

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာ အသင်း နောက်ခံလူ ရောဘတ်ဟုသ်တို့ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖလာမီနီက မန်ယူရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်မှာဖြစ်ပြီး မေ ၂၁ ရက် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် အက်ဖ်အေ ဗိုလ်လုပွဲမှာ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်။

ဟုသ်ကတော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၂ ပွဲလုံး လွဲချော်မှာဖြစ်သလို နောက်နှစ် ရာသီအစ ပွဲတပွဲကိုလည်း ကစားခွင့်ရမှာ မဟုတ်ပါဘူး။

ကစားသမား ၂ ဦးလုံးက ပြစ်ဒဏ်ကို လက်ခံပေမယ့် ဟုသ်ကတော့ ပွဲပယ်တာ များတယ်လို့ ပြောပါတယ်။

မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ဘောလုံးပွဲ ကြီးကြပ်သူတွေက မမြင်ပေမယ့် ဒိုင်လူကြီး ၃ ဦးက ရုပ်သံမှာ ပြန်လည်ကြည့်ရှုခဲ့ပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။


Leave a Reply