Golden Foot Award (ရွှေခြေထောက်ဆု) ကာဆီးလက်စ် ရရှိ

ရီးရဲလ်မက်ဒရစ် ဂိုးသမားဟောင်း အိုင်ကာကားဆီးလက်စ်ဟာ ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနား တစ်ခုမှာ Golden Foot Award (ရွှေခြေထောက်ဆု)ကို ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အသက် ၃၆ နှစ် အရွယ် လက်ရှိ ပေါ်တို အသင်း ဂိုးသမား ဖြစ်သူဟာ ယင်းဆု အတွက် အသက် ၂၈ နှစ်ကျော် ဆန်ခါတင် ကစားသမား ၁၀ ဦးကို ကျော်လွန်ပြီး ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ဆန်ခါတင် အဆင့်မှာတော့ မက်ဆီ၊ စီရော်နယ်ဒိုနှင့် ဆာဂျီယိုရာမို့စ်၊ လူးဝစ်ဆွာရက်ဇ်၊ နူအာနှင့် ပီယာလိုတို့ ပါဝင်ခဲ့တာ ဖြစ်ပြီး ကာဆီးလက်စ်ကတော့ ဒီကစားသမားတွေကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

Golden Foot Award (ရွှေခြေထောက်ဆု)ဟာ ၂၀၀၃ ခုနှစ်ကနေ စတင်ပြီး ချီးမြှင့်လာခဲ့တဲ့ ဆု ဖြစ်သလို ပထမဆုံး အကြိမ်မှာတော့ အီတလီ ဂန္တ၀င် ကစားသမားဟောင်း ရော်ဘတ်တိုဘက်ဂီယိုက အီတလီကလပ် ဘရက်စီယာအသင်းနှင့် အတူ ရရှိခဲ့သလို ဘောလုံး လောက အတွင်း အောင်မြင်မှုများစွာ ရရှိခဲ့ဖူးတဲ့ ကစားသမား အသီးသီးကို Online Voting စနစ်ဖြင့် မဲပေး ရွေးချယ်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ ဒီဆုကို ဂျူဗင်တပ် အသင်း ဂိုးသမား ဘူဖွန်က ရရှိခဲ့တာ ဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ ကာဆီး လက်စ်က ရရှိခဲ့လို့ ဒီဆုကို ရရှိခဲ့တဲ့ ဒုတိယမြောက် ဂိုးသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

_Ref; Sky sports