အိုလံပစ်မီးရှူးတိုင် ဘရာဇီးကို ရောက်ရှိ

89556527-55cb19df-c592-46ae-9ef9-7dfb1f5c5ebb

အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပမယ့် ဘရာဇီးနိုင်ငံကို အိုလံပစ်မီးရှူးတိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂရိနိုင်ငံမှ စတင် သယ်ဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ ဘရာဇီးကို ရောက်ရှိခဲ့ပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို သမ္မတ ဒီလ်မာ ရူဆပ်ဖ်က မီးထွန်းညှိပေးခဲ့ပြီး ဘရာဇီးနိုင်ငံတစ်ဝန်း အပြေးသမား ၁၂,၀၀၀ က လက်ဆင့်ကမ်း သယ်ဆောင်သွားမှာပါ။ ဘရာဇီး အိုလံပစ် အားကစားပြိုင်ပွဲတွေကို သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အိုလံပစ်မီးရှူးတိုင် မီးထွန်းညှိတဲ့ အခမ်းအနားမှာ သမ္မတရူဆပ်ဖ်အတွက် နိုင်ငံအကြီးအကဲအဖြစ် နောက်ဆုံး တက်ရောက်တဲ့ အခမ်းအနားလည်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပါတယ်။ သမ္မတရူဆပ်ဖ်ကို ရာထူးမှ ဖယ်ရှားပစ်နိုင်တဲ့ စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန်သင့် မသင့် လာမယ့် သီတင်းပတ်အတွင်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

Source & Photo: BBC, Wikipedia


Leave a Reply