ပေါ့ဂ်ဘာ မန်ယူတွင် ဆေးစစ်မှုခံယူ

GettyImages-546076598

မန်ချက်စတာ – ဂျူဗင်တပ်မှ မန်ယူသို့ပြောင်းရွှေ့မှု အပြီးသတ်ရန် ဆေးစစ်မှုခံယူရေး ပေါ့ဂ်ဘာကို ဂျူဗင်တပ်က ခွင့်ပြုပေးလိုက်ပြီးနောက် ပေါ့ဂ်ဘာသည် မန်ယူတွင် ဆေးစစ်မှု ခံယူတော့မည်ဖြစ်သည်။

၂၀၁၂ က ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေး အနည်းငယ်ဖြင့် ရောက်ရှိသွားခဲ့သော ပေါ့ဂ်ဘာသည် မန်ယူသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၉၂ သန်း ဖြင့် ပြန်ရောက်လာမည်ဖြစ်ကာ ၂၀၁၃ က ဂါရတ်ဘေးလ်၏ ရီးရဲလ်သို့ ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းထက် ကျော်လွန်သွားမည်ဖြစ်သည်။

ဖာဂူဆန်လက်ထက်က ပေါ့ဂ်ဘာသည် မန်ယူအတွက် ခုနစ်ပွဲသာ ကစားခဲ့ပြီး ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ မော်ရင်ဟိုလက်ထက်တွင် လေးဦးမြောက်ခေါ်ယူသော ကစားသမားဖြစ်လာမည်ဖြစ်ကာ ၎င်းမတိုင်မီက ဟင်နရစ်မစ်တာယန်း၊ အီဘရာဟီမိုဗစ်နှင့် အဲရစ်ဘိုင်လီတို့ မန်ယူသို့ ရောက်ရှိပြီးဖြစ်သည်။ မန်ယူက ပေါ့ဂ်ဘာ ဆေးစစ်မည့် သတင်းကို #Pogback ခေါင်းစဉ်အောက်၌ စာတစ်ကြောင်းတည်းဖြင့်သာ ကြေညာခဲ့သည်။

-Ref; (Ap/Goal)


Leave a Reply