အင်ဒီယန်းဝဲလ်ပြိုင်ပွဲတွင် ရိုင်ဘာကီနာ ချန်ပီယံဆုရ

အင်ဒီယန်းဝဲလ်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ ချန်ပီယံဆု ရယူခဲ့ပါတယ်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ရိုင်ဘာကီနာတို့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပထမ ပွဲလတ်ကပဲ ၇၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၂ မှာရပ်တည်နေတဲ့ ဆာဘာလန်ကာအနေနဲ့ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရပြီးနောက် အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့သလို ရိုင်ဘာကီနာကလည်း သူမရဲ့ကစားသမားဘဝ ပထမဆုံး WTA ချန်ပီယံဆုအတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။  ပွဲကစားချိန် ၂ နာရီနဲ့ ၃ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ရိုင်ဘာကီနာက (၇း၆၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရသွားခဲ့တာဖြစ်ပါတယ်။ ရိုင်ဘာကီနာအတွက်တော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။