ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း

ဘောလိဝုဒ်နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ  ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရပြန်ပါ တယ်။ မကြာသေးခင်ကဒီအဖြစ်အပျက်ကို ဘန်ဒရာရဲတပ်ဖွဲ့ဟာ မင်းသားရဲ့သူငယ်ချင်းဆီက တိုင်ကြားချက်တစ်ခု အနေနဲ့ FIR (ပထမသတင်းပေးတိုင်ချက်)မှာ ထည့်သွင်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

ဘဝရည်မှန်းချက်ဟာ ဆယ်လ်မန်ခန်းကို သတ်ဖို့ဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်း​ခေါင်းဆောင်လော့ရန်ဘစ်ချ်နွိုင်းရဲ့ အင်တာဗျူးကို ရည်ညွှန်းထားတဲ့အကြောင်းအရာနဲ့အတူ ဆယ်လ်မန်ခန်းရဲ့နာမည်ကို ဖော်ပြထားတဲ့ အီမေးလ် တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ တိုင်ကြားချက်မှာဖော်ပြပါတယ်။

အီမေးလ်မှာ ပေးပို့သူက ဘစ်ချ်နွိုင်းရဲ့အရင်းနှီးဆုံးလက်ထောက် ဂိုးလ်ဒီ ဘာရာက ဆယ်လ်မန်ခန်းနဲ့ လူချင်းတွေ့ပြီး စကားပြောချင်တယ်လို့လည်း ဆိုထားပါတယ်။ ဒီအမှုနဲ့ဆက်စပ်တဲ့ လူ ၃ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေတုန်းပါပဲ။

လော့ရန် ဘစ်ချ်နွိုင်းက ရက်ပ်အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ အသတ်ခံရမှုအတွင်း နာမည်ထွက်ခဲ့တဲ့ အကျဥ်း ကျနေတဲ့ လူဆိုးဂိုဏ်းစတားပါ။ အမှုနဲ့ဆက်စပ်ပြီး အဖမ်းခံရကတည်းက ထောင်ထဲမှာ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ဆယ်လ်မန်ခန်းနဲ့ သူ့ဖခင်ဖြစ်သူတို့ဟာ အသက်အန္တရာယ်ခြိမ်း​​ခြောက်တဲ့ လက်ရေးစာ တစ်စောင်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။   #yoyarlay