အသင်းသစ်တွင် လစာ(၃၀%)အထိ လျှော့ယူပေးရန် စီရော်နယ်လ်ဒို စီစဉ်နေ

မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းပြောင်းရွှေ့ခွင့်ရရန်အတွက် နည်းလမ်းမျိုးစုံ ရှာဖွေနေရာ အသင်းသစ်တွင် လစာ(၃၀%)အထိ လျှော့ယူပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒို(၃၇ နှစ်)သည် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဇွန်လက အသင်းပြောင်းရွှေ့ခွင့်ပြုရန် မန်ယူအသင်းကို တောင်းဆိုခဲ့ပြီး လက်ရှိအချိန်အထိ အသင်းနှင့် ပြန်လည်ပူးပေါင်းခြင်း မပြုခဲ့ပေ။

သို့သော် ၎င်း၏ အေးဂျင့် မန်ဒက်စ်နှင့် ဆွေးနွေးခဲ့သော အသင်းများဖြစ်သည့် PSG၊ ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူလိုခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ကြသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ စီရော်နယ်လ်ဒို၏ အသက်အရွယ်ကြောင့် မဟုတ်ဘဲ လစာမြင့်မားမှုကြောင့်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။

ထို့ကြောင့် စီရော်နယ်လ်ဒို သည် ယခုအခါ အသင်းသစ်၌ လစာ(၃၀%)အထိ လျှော့ယူပေးရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ တစ်ပတ်ပေါင်(၅)သိန်းဝန်းကျင်ရရှိနေပြီး အသင်းသစ်၌ ပေါင်(၃)သိန်းဝန်းကျင်သာ ရယူသွားရန် ရည်ရွယ်ခြင်းဖြစ်သည်။

နောက်ဆုံးထွက်ပေါ်နေသည့် သတင်းများအရ စီရော်နယ်လ်ဒိုသည် အက်သလက်တီကိုအသင်းနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။