ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး SKYNET မှပြသမည်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို SKYNET ရုပ်သံလိုင်းကနေ တိုက်ရိုက်(live) ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။SKYNET ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ၂၀၁၃-၂၀၁၄ ဘောလုံး ရာသီကတည်းက ထုတ်လွှင့်ပြသ လာခဲ့တာ ဖြစ်ပြီး အခုဘောလုံးရာသီနဲ့ပါဆိုရင် ၁၀နှစ်ဆက်တိုက်ထုတ်လွှင့်ပြသ နိုင်တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသရာမှာလည်း မူရင်းထုတ်လွှင့်ပြသတဲ့ဘက်က ထုတ်လွှင့်တဲ့ အရည်အသွေးအတိုင်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ဆိုပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားမယ့်အချိန်နဲ့ ထုတ်လွှင့်ပြသမယ့်ရက်တွေကို SKYNET Sports ရုပ်သံလိုင်းတွေမှာစာတန်း ရေးထိုး ဖော်ပြပေးမှာ ဖြစ်ပြီး SKYNET DTH Official Page နဲ့ SKYNET Sports Official Page တွေမှာလည်း အပတ်စဉ် ကြာသပတေးနေ့တိုင်း ကြိုတင်ကြေညာပေးသွားမယ်လို့သိရပါတယ်။ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ဟာ လာမယ့်ဩဂုတ် ၅ရက်မှာစတင်မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။