မန်ယူအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နှစ်ဆုကို လုခ်ရှော ရရှိ

မန်ယူနောက်ခံလူ လုခ်ရှောမှာ အသင်းမှရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် ပရိသတ်များမှာ မဲပေးရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆာမက်ဘတ်စ်ဘီဆုကို ရရှိသွားခဲ့သည်။ လုခ်ရှောမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်သည့် နောက်တန်းကစားသမား တစ်ဦးဖြစ်ပြီး တစ်လတာအကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ် ရရှိခဲ့သည်။ အသင်းပရိသတ်များမှ မဲပေး ရွေးချယ်သည့် ဆာမက်ဘတ်စ်ဘီဆုမှာ ၄င်းအတွက် ပထမဆုံး ရရှိခြင်းဖြစ်သည်။ လုခ်ရှောမှာ ဆာမက်ဘတ်စ်ဘီ ဆုအတွက် လင်ဒီလော့ဖ်နှင့် အပြိုင်ဖြစ်ခဲ့ပြီး လင်ဒီလော့ဖ်ကို တစ်မဲအသာနှင့် ရရှိခဲ့ခြင်းဖြစ်သည်။ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ကွင်းလယ်လူ ပေါ့ဘာမှာ တတိယမဲအများဆုံး ရရှိသူဖြစ်ခဲ့သည်။ 

ပရိတ်သတ်တွေပေးတဲ့ တစ်နှစ်တာအကောင်ဆုံးကစားသမား – လုရှော

အသင်းဖော်တွေပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား – လုရှော

တစ်နှစ်တာအကောင်းဆုံးဂိုး – ပရဲရား

တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမား – ဂရင်းဝုဒ်

အရန်အသင်းအကောင်းဆုံးကစားသမားဆု – တာဟစ်ချောင်

-Ref:Skysport