မန်ချက်စတာတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရက်ရှ်ဖို့ဒ် ရရှိ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်သည် ၎င်း၏ ကလေးသူငယ်ဆင်းရဲမှုအပေါ် မဲဆွယ်စည်းရုံးမှုအတွက် မန်ချက်စတာ တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရရှိမည့်အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်လာမည် ဖြစ် သည်။

အင်္ဂလန်လက်ရွေးစင်သည် Fareshare အဖွဲ့နှင့် ပူးပေါင်းကာ COVID-19 ကာလအတွင်း လိုအပ်ချက် ရှိသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန် ပေါင်သန်း ၂၀ ကူညီရှာဖွေပေးခဲ့သည်။

ထို့အပြင် ရက်ရှ်ဖို့ဒ် (၂၂) နှစ်သည် အင်္ဂလန်၏နွရောသီ ကျောင်းပိတ်ရက် ကာလတွင် ကလေးသူငယ် ၁ ဒသမ ၃ သန်း ကျောင်းမှ အစားအစာထောက်ပံ့ရေး လက်မှတ်များဆက်လက်ရရှိရေး ဗြိတိန်အစိုးရအား အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့သည် မန်ချက်စတာတက္ကသိုလ်မှ ချီးမြှင့်သော အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်ကာ ယခင်က မန်ယူဂန္ထဝင်များဖြစ်သော ဆာဘော် ဘီချာလ်တန်နှင့် ဆာအဲလက်စ် ဖာဂူဆန်တို့လည်း ရရှိခဲ့သည်။

ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ပါ။ ဒီဆုကို ရရှိခဲ့ကြတဲ့ ကြီးကျယ်တဲ့ နာမည်တွေကို ကြည့်လိုက်ရင် ပိုပြီးနှိမ့်ချချင်စရာဖြစ်ပါတယ်ဟု ရက်ရှ်ဖို့ဒ်က မန်ယူအသင်းဝက်ဘ်ဆိုက်ပေါ်မှ ပြောကြားသည်။

ဗြိတိန်မှ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရေး အများကြီး ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ကာ မန်ချက်စတာမြို့မှ အသိအမှတ်ပြုမှုရရှိခြင်းမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေသည်ဆိုသော အဓိပ္ပာယ် ဖြစ်သည်ဟု ရက်ရှ်ဖို့ဒ်က ဆက်လက်ပြောကြားသည်။

မားကပ်စ်ဟာ အလွန်ထူးခြားတဲ့လူငယ်တစ်ယောက်ပါ။ သူ့မှာ ဘောလုံးကွင်းပြင်ပအထိ ရောက်ရှိတဲ့ ထူးခြားတဲ့ ပါရမီစိတ် ဓာတ်ခွန်အားရှိပါတယ်ဟု မန်ချက်စတာ တက္ကသိုလ်ဥက္ကဋ္ဌနှင့် ဒုတိယပါမောက္ခချုပ် ပါမောက္ခ နန်စီရော့သ်ဝဲလ်က ပြောကြား သည်။ -Ref: BBC