200W Fast Charging နဲ့ SD8+ Gen 1 ပါတဲ့ iQOO 10 Pro ကို ကြေညာ

iQOO 10 နဲ့ 10 Pro ကို တရုတ်မှာ ကြေညာလိုက်ပြီး iQOO 10 Pro ဟာ 200W Fast Charging ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါပြီ။

iQOO 10 နဲ့ 10 Pro မှာ ၆.၇၈ လက်မ AMOLED 120Hz မျက်နှာပြင် တပ်ဆင်ထားပါတယ်။ iQOO 10 မှာ FHD+ နဲ့ 10 Pro မှာ QHD Resolution တွေ ပါလာပြီး ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ မြှပ်နှံထားပါတယ်။

အနောက်ကင်မရာတွေ အနေနဲ့ iQOO 10 မှာ 50MP Samsung GN5 Main , 13MP Ultrawide Angle နဲ့ 12MP Telephoto ၃ လုံး တပ်ဆင်ထားပြီး iQOO 10 Pro မှာ 50MP Samsung GN5 Main , 50MP Ultrawide Angle , 14.6MP Telephoto ၃ လုံး ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ Vivo V1+ Chip က ဓါတ်ပုံ အရည်အသွေးကောင်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။

iQOO 10 Series မှာ Snapdragon 8+ Gen 1 Processor မောင်းနှင်ထားပါတယ်။ iQOO 10 မှာ 120W Charging ပါတဲ့ 4,700mAh ဘက်ထရီနဲ့ 10 Pro မှာ 200W Fast Wired နဲ့ 50W Wireless Charging ပါတဲ့ 4,550mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

iQOO 10 ရဲ့ 8/128GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်း ဝန်းကျင် ရှိပါတယ်။ iQOO 10 Pro ရဲ့ 8/256GB ကို ၅,၀၀၀ ယွမ်၊ 12/256GB ကို ၅,၅၀၀ ယွမ်နဲ့ 12/512GB Legendary Edition ကို ၆,၀၀၀ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၁၃ သိန်းကျော် တန်ကြေးရှိပါတယ်။

ref : gizmochina