ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းတက်ရောက်


ဇူလိုင် ၂၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက်ဖြစ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များနှင့် ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး သီးပင်စားပင်များနှင့် အရိပ်ရပင်များကို စိုက်ပျိုးခဲ့ကြပါသည်။