ငွေကြေးတန်ဖိုးများကျချိန် နှင့် အိုင်ဖုန်း ၁၄ ထွက်ချိန်

ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် iPhoneများအား စျေးပို​ပေး​နေရ သကဲ့သို့ဖြစ်​နေသည်။ ဂျပန်နိုင်ငံတွင်  128GB ပါရှိသည့် ပုံမှန် iPhone 14 မော်ဒယ်သည် စျေးနှုန်း ယန်း 119,800 ($841) ရှိပြီး လွန်ခဲ့သည့် တစ်နှစ်က ထွက်ရှိခဲ့သော iPhone 13 ထက် ၂၁% ခန့် ​စျေးမြင့်​နေသည်။ တောင်ကိုးရီးယားနှင့် နှိုင်းယှဉ်ပါက ၁၅% ပိုများ​နေသည်။

အမေရိကန်တွင် iPhone 14  စျေးနှုန်းသည် နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု သမိုင်းကြောင်းအရ မြင့်မားသော်လည်း မနှစ်က မော်ဒယ်နှင့် မပြောင်းလဲဘဲ ဒေါ်လာ ၇၉၉ ဖြစ်သည်။

ယန်းငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၂၃% ကျဆင်းခဲ့ပြီး တောင်ကိုရီးယားဝမ်သည် ပြီးခဲ့သောနှစ်ကထက် ၁၆% ကျဆင်းခဲ့သည်။

Apple သည် အဆိုပါဈေးကွက်များတွင် အမြတ်အစွန်းရရှိမှုကို ထိန်းသိမ်းထားနိုင်ရန်ခက်လိမ့်မည်ဖြစ်​ကြောင်း ဂျပန်နိုင်ငံ MM Research Institute မှ အမှုဆောင်အရာရှိချုပ် Hideaki Yokota က ပြောကြားခဲ့သည်။

စီးပွားရေးနှေးကွေးခြင်းကြောင့် တရုတ်နိုင်ငံ၏ ဈေးနှုန်းသည် ယခင်အတိုင်း မပြောင်းလဲပေ။တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ သည် Apple ၏ တတိယအကြီးဆုံး ဈေးကွက်ဖြစ်သည်။

ယွမ်နှင့် ရူပီး နှစ်ခုစလုံးသည် ဒေါ်လာနှင့်ယှဉ်လျှင် ပြီးခဲ့သည့်နှစ်ထက် ၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

အမေရိကန်နည်းပညာကုမ္ပဏီသည်ယူကရိန်းစစ်​ကြောင့် ရုရှားနိုင်ငံမှ ထွက်ခွာသွားသော်လည်း Apple iPhone 14 အသစ်ကို ရုရှားနိုင်ငံသားများ ဝယ်ယူခွင့်ရရှိလိမ့်မည်ဖြစ်ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက RIA Novosti သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ရုရှားမိုဘိုင်းကွန်ရက် MTS သည် ကြာသပတေးနေ့နံနက်တွင် iPhone 14 မော်ဒယ်အသစ်များကို ကြိုတင်မှာယူမှုဖြင့် ရောင်းချနေပြီဖြစ်သည်။ စျေးနှုန်းများသည် 128 GB အတွက် 84,990 ရူဘယ် ($1,398) မှ စတင်ပါသည်။  Ref: nikkeiasia