တရုတ်ရဲ့ ကားပျံကို ဒူဘိုင်းမှာ ပထမဆုံး အကြိမ် ပျံသန်း

တရုတ် လျှစ်စစ်ကား ကုမ္ပဏီ Xpeng က တည်ဆောက်ထားတဲ့ ကားပျံကို ဒူဘိုင်းမှာ ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းခဲ့ပါတယ်။ ကုမ္ပဏီဟာ နိုင်ငံတကာ ဈေးကွက်မှာ အဲဒီ လျှပ်စစ်ကားပျံကို ရောင်းချဖို့ ကြိုးစားနေပါတယ်။

အဲဒီ ကားပျံကို X2 လို့ အမည်ပေးထားပြီး လူ ၂ ယောက် စီးနင်းနိုင်ပါတယ်။ မြေပြင်ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်တဲ့ eVTOL အမျိုးအစား ဖြစ်ပါတယ်။ ကားပျံရဲ့ လေးဘက်လေးတန်မှာ ပန်ကာ ၂ လုံးစီ တပ်ဆင်ထားတဲ့အတွက် စုစုပေါင်း ပန်ကာ ၈ လုံး ပါပါတယ်။

ဒီလ ၁၀ ရက်နေ့က စမ်းသပ်ပျံသန်းခဲ့တာ ဖြစ်ပြီး ဒူဘိုင်းမှာ မိနစ် ၉၀ ကြာ ပျံသန်းခဲ့ပါတယ်။ ကုမ္ပဏီက အခု ပျံသန်းမှုဟာ နောက်မျိုးဆက် ကားပျံတွေအတွက် အရေးကြီးတဲ့ ခြေလှမ်း ၁ ခုလို့ ပြောပါတယ်။

Xpeng Aeroht ရဲ့ အထွေထွေ မန်နေဂျာ Minguan Qiu က “ ကျွန်တော်တို့ဟာ နိုင်ငံတကာ ဈေးကွက်ကို ခြေတစ်လှမ်းချင်းစီ သွားမှာပါ။ ဒူဘိုင်းဟာ ကမ္ဘာမှာ တီထွင်ဆန်းသစ်မှု အရှိဆုံး ဖြစ်တဲ့အတွက် ဒူဘိုင်းမှာ ကားပျံကို အရင်ဆုံး မိတ်ဆက်တာပါ။ “ လို့ ပြောပါတယ်။

 

Ref : reuters