ရုရှားကျူးကျော်စစ်ကို နာဇီဂျာမနီတို့ရဲ့လုပ်ရပ်နဲ့ ဇီလန်စကီး နှိုင်းယှဉ်ဝေဖန်

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားအစိုးရရဲ့လုပ်ရပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက် ယူနီယံကို ကျူးကျော်တိုက်ခဲ့တဲ့ နာဇီဂျာမနီတို့ရဲ့လုပ်ရပ်နဲ့ ထပ်တူထပ်မျှဖြစ်ပြီး အလွန်ဆိုးဝါးကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီး က နှိုင်းယှဉ်ဝေဖန်လိုက်ပါတယ်။

ဂျာမနီအာဏာရှင်ဟစ်တလာရဲ့ နာဇီတပ်တွေဟာ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်က ဆိုဗီယက်ကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့က ၈၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီး က “ ဖေဖော်ဝါရီ ၂၄ မှာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားရဲ့လုပ်ရပ်ဟာ နာဇီတွေ ဆိုဗီယက်ကိုကျူးကျော်ခဲ့တုန်းကလိုပါပဲ။ ပူတင်ဟာ ဟစ်တလာ လုပ်ခဲ့တဲ့ အဆိုးရွားဆုံး လုပ်ရပ်တွေကို ထပ်တူထပ်မျှလိုက်လုပ်ခဲ့တာပါ” လို့ ဆိုခဲ့ပါတယ်။  -Ref: Aljazeera