ဂျာမနီတွင် လေဆိပ်ဝန်ထမ်းများ၏ သပိတ်ကြောင့် လေကြောင်းခရီးစဉ် ရာနှင့်ချီ ဖျက်သိမ်းခဲ့ရ

ဘာလင် ဇန်နဝါရီ ၁၅

ဂျာမနီနိုင်ငံတွင် လေဆိပ်လုံခြုံရေး လုပ်သားများ၏ လစာတိုးမြှင့်ရရှိရေး သပိတ်မှောက်လှုပ်ရှားမှုများ ပိုမို နက်ရှိုင်းလာပြီး ¤င်းဝန်ထမ်းများ၏ အလုပ်ခွင်မှ ထွက်ခွာမှုများကြောင့် ဂျာမနီနိုင်ငံ၏ လေကြောင်းသယ်ယူ ပို့ဆောင်ရေးတွင် အလုပ်အများဆုံး ဖြစ်သည့် ဖရန့်ဖက်လေဆိပ် အပါ အဝင် လေဆိပ်ရှစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် လေကြောင်းခရီးစဉ် ရာနှင့် ချီကာ ဖျက်သိမ်းခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

လေဆိပ်လုံခြုံရေးဝန်ထမ်းများ သပိတ်သည် ဇန်နဝါရီ ၁၅ ရက်နံနက် ၂ နာရီမှ ည ၈ နာရီထိ ကြာမြင့်မည် ဖြစ်ပြီး ဖရန့်ဖက်၊ မြူးနစ်၊ ဟန်နိုဗာ၊ ဘရီမင်၊ ဟမ်းဘာ့ဂ်၊ လိုက်ပဇစ်၊ ဒရက်စ်ဒင်နှင့် အာဖွတ်လေဆိပ်များ၌ သပိတ်မှောက်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံ၏ သြဇာကြီးမား သော ဗာဒီအလုပ်သမား အစည်းအရုံး က ပြောကြားသည်။

ယင်းလေဆိပ် လုံခြုံရေးဝန်ထမ်းများ သပိတ်ကြောင့် ခရီးသည် ၂၂ဝဝဝ တို့၏ လေကြောင်းခရီးစဉ်များမှာ ဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်ဟု လေဆိပ်များ ဆိုင်ရာ အစည်းအရုံး (အေဒီဗွီ) ကပြောကြားသည်။   အေအက်ဖ်ပီ