မာလာကတ်စ်မုန်တိုင်းကြောင့် ဂျပန်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

Roads are flooded due to heavy rains caused by Typhoon Malakas in Nobeoka, Miyazaki Prefecture, southwestern Japan, in this photo taken by Kyodo September 20, 2016. Mandatory credit Kyodo/via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. MANDATORY CREDIT. JAPAN OUT. NO COMMERCIAL OR EDITORIAL SALES IN JAPAN.

(reuters)

ဂျပန်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း မာလာကတ်စ် ၀င်ရောက် လာခဲ့သဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရာနှင့်ချီသော လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။

ဒေသအချို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်နိုင်သည် ဟု အာဏာပိုင်များက သတိပေးထားသည်။

 အင်အားပြင်းထန်သည်ဟု ဂျပန်မိုးလေ၀သဌာနက ပြောကြားသော မာလာကတ်စ်သည် မွန်းမတည့်မီက တိုကူရှီးမားစီရင် စု အနောက်ဘက် ကမ်းရိုးတန်းတွင် ရှိနေခဲ့ပြီး ယင်းစီရင်စု၌ လူ ပေါင်း ၄၆၆၀ ဦးကို ဘေးကင်းရာ သို့ ရွှေ့ပြောင်းထားခဲ့သည်။

 မြေပြိုမှုအန္တရာယ်ရှိသော ကိုဘေးမြို့ ဒေသအများအပြားမှ လူပေါင်း ၂၀,၄၀၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းနေကြရန် အကြံ ပေးခဲ့ကြောင်း ဂျပန်အစိုးရ NHK သတင်းဌာနက ဖော်ပြသည်။

 ပစိဖိတ်မုန်တိုင်းရာသီ၏ (၁၆)လုံးမြောက်ဖြစ်သော မာလာကတ်စ်မုန်တိုင်းသည် ကာဂိုရှီးမားစီရင်စု အချို့နေရာများ တွင် ညဥ့်သန်းခေါင်ကျော်ကပင် ကုန်း တွင်းသို့ ၀င်ရောက်ခဲ့သည်။

မုန်တိုင်းကြောင့် တိုကျိုမြို့ ဟာနီဒါလေဆိပ်တွင် လေယာဉ် ခရီးစဉ်ပေါင်း အနည်းဆုံး ၁၀၁ ခု ဖျက်သိမ်းခဲ့ရသည်။

လေတိုက်နှုန်း တစ်နာရီ ၁၈၀ ကီလိုမီတာအထိ ပြင်းထန်သော မာလာကတ်စ်သည် တစ်နာရီ ၃၅ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်ကမ်းခြေမှ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေသည်။

—Ref: EPA


Leave a Reply