ဇီးကုန်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည် ပြင်ဆင် ဖွဲ့စည်းရေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၂) ရက် နံနက် (၈) နာရီခွဲအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီ (၃၄) အုပ်စုကိုယ်စားပြု ပါတီဝင်ကေဒါများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးပြင်ဆင်ဖွဲ့စည်းရေးကော်မတီက ဇီးကုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီအား ပြန်လည်ပြင်ဖွဲ့စည်းခဲ့ရာ မြို့နယ် ပါတီကော်မတီဝင် (၁၅)ဦးနှင့် အရံကော်မတီဝင် (၁၅)ဦး အား ရွေးချယ် အတည်ပြုခဲ့ကြောင်း သိရသည်။

Soe Aung


Leave a Reply