မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ဗဟိုပါတီဥက္ကဌ ဦးသိန်းစိန် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းစိန်သည် ပါတီဗဟိုကော်မတီဝင် များ၊ အရန်ဗဟိုကော်မတီဝင်များနှင့် ဇွန်လ(၂၃)ရက် နံနက်(၀၈:၀၀)နာရီချိန်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်နယ်ပါတီရုံးခန်းမတွင် မွန်ပြည်နယ်ပါတီကော်မတီများနှင့် တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည် ။

တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မှုများ၊ ငြိမ်းချမ်းမှု၏ အနှစ်သာရများ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကိစ္စနှင့် ပတ်သက်၍ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနဖြင့် လမ်း၊ တံတားများ ကောင်းမွန်လာအောင်နှင့် ကျေးရွာဒေသများတွင် လျှပ်စစ်မီးများရအောင် ဆောင်ရွက်ပေးခဲ့သည်၊ လူတန်းစားမရွေး တယ်လီဖုန်း အသုံးပြုနိုင်အောင် နှင့် ဆက်သွယ်ရေးကောင်းမွန်ပြီး( ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး)ကိစ္စများ ပြည်သူများ ဆောင်ရွက်နိုင်ခဲ့ကြသည်။

မိမိတို့ပါတီ၏ အစိုးရအနေဖြင့် ၅ နှစ်တာကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အစိုးရနှင့် လွှတ်တော်ပူးပေါင်းဆောင်ရွက်ကာ ပြည်သူများအကျိုးကို ဆောင်ရွက်ခဲ့ကြသည်၊ ပါတီကို ပြန်လည်ပြုပြင် ဖွဲ့စည်းရန်လိုကြောင်း ၊ ပါတီရဲ့ ပုံရိပ်မြှင့်တင်လာအောင် လူမှန်၊ နေရာမှန် ဖြစ်ရန်လိုကြောင်း စသောကိစ္စရပ်မျာကို မှာကြားခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ် ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ ပြည်နယ်အတွင်းရေးမှူး ၊မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း/သစ်)များ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား(၁၆၀ )ဦး တက်ရောက်ကာ နံနက်(၀၉:၀၀)နာရီချိန်တွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

မုဒုံ သား


Leave a Reply