သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေးမွမ်းမံသင်တန်းဖွင့်

 

သရက်ချောင်း မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ပဲဒက်ကျေးရွာအုပ်စု ပဲဒက် စံပြကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက လက်တွေ့စည်းရုံး ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၃/၂ဝ၁၉) ကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးကင်းစိန်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးထွေး တို့က အဖွင့်အမှာစကားပြောကြားရာတွင် ၂ဝ၂ဝ ပြည့်နှစ်တွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် မြို့နယ်ရပ်/ကျေး ပါတီများအနေဖြင့် စည်းကမ်းတကျ နေထိုင်ကြရန် ပြောကြားပြီး တာဝန်ရှိသူ များကလည်း ပါတီဝင်အင်အား ပိုမိုများ ပြားလာစေရန်နှင့် ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်နိုင်ကြ စေရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ ကြောင်း၊ ပါတီဝင်များအနေဖြင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးထွေးနှင့် ကော်မတီမှ တာဝန်ရှိသူများ က လက်တွေ့စည်းရုံးရေးမွမ်းမံသင်တန်း အား အလှည့်ကျ ယနေ့မှ ယခုလ ၂၆ရက် အထိ နှစ်ရက်ကြာ ပို့ချမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော် မတီဝင် ဦးကင်းစိန်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးထွေး၊ ကော်မတီဝင်များ၊ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၉၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးချစ်ဦး