သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ လပတ်အစည်းဝေးကျင်းပ

 

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းဝေးကို ၁၅.၉.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ မြို့နယ်ဥက္ကဌဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ခရိုင်ပါတီ      ကော်မတီ ဦးအုန်းမောင်နှင့် ပြည်နယ်ပါတီ ဦးစိုင်းစိန်လင်းတို့ တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကော်မတီ ဦးစိုင်းစိန်လင်းမှ ပါတီဝင်များနှင့်ပါ စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြရန်၊ မြို့နယ်ဥက္ကဌ ဦးအောင်အောင်က ကော်မတီ တစ်ဦးချင်းစီ၏ ရေးရာကဏ္ဏ အလိုက် ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများနှင့် နယ်မြေလုံခြုံရေး အခြေအနေများကို အချိန်နှင့်တပြေးညီတင်ပြ ဆောင်ရွက်သွားကြရန် ၊ နှစ်စဉ်မပျက်    ကျင်းပမြဲဖြစ်သည့် သီပေါမြို့နယ်လုံးဆိုင်ရာ သံဃဒါန ဆွမ်းတော်ကြီးလောင်လှူပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ့ ပဒေသာပင်နှင့် ပွဲတော်လာ လုပ်သား ပြည်သူများအား မိမိတို့ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် စဓုဒီသာ ဖျော်ရည်များ တိုက်ကျွေး ဧည့်ခံရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာ ကြသော မြို့နယ်ကော်မတီများက မိမိ့တိုကျရာ ကဏ္ဏအလိုက်တက်ကြွစွာပါဝင်ဆောင်ရွက် နိုင်ရေး ဆွေးနွေးကြပြီး အစည်းအဝေးကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။

credit >>> ကိုအောင်အောင်