ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်ရှိ ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး “မိမိတို့ ပါတီဝင်များ အနေဖြင့် ပါတီဆောင်ပုဒ်များနဲ့အညီ ကြိုးစားနေထိုင်ကြရန်၊ ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးယှဉ်လာပါက တိုင်းပြည်အကျိုးကိုပိုမိုအလေးထားကြရန်”လမ်းညွှန်မှာကြားခဲ့ပါသည်။