နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ဒိုင်းနက်(သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ်မြောက်ပိုင်းမေယု ခရိုင်အတွင်း သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်နေ ရပ်စွန့်ခွာတိမ်းရှောင်လာကြသော ဒိုင်းနက် (သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ က ထောက်ပံ့ငွေများပေးအပ်ကူညီ ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒိုင်းနက်(သက္ကမ) လူမျိုးများယာယီတည်းခိုရာပုဏ္ဏား ကျွန်းမြို့နယ် ရှင်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ထောက်ပံ့ကူညီငွေကျပ် ၆၁ဝဝဝဝ ထောက်ပံ့ခဲ့ကြောင်း၊ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူ သက္ကမ(ခ) ဒိုင်း နက်လူမျိုး အိမ်ထောင်စု ၆၁ စု၊ စုစုပေါင်း လူဦးရေ ၂၁၉ ဦးရှိ ကြောင်းလည်းသိရသည်။
”စဖြစ်ကတည်းက ရခိုင်တစ် ပြည်နယ်လုံးအနှံ့က မြို့နယ်တွေမှာ အခုလို နေရပ်စွန့်ခွာသူတွေအတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေ တာပါ။ တတ်နိုင်တဲ့ ဘက်ကပေါ့။ ယာယီစခန်းတွေမှာ လတ်တလော လိုအပ်ချက်တွေအပေါ်မှာပဲ ကူညီ ထောက်ပံ့မှုတွေပြုလုပ်တာပါ” ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေက ပြောကြား သည်။

ယင်းကူညီထောက်ပံ့ရာသို့ပါတီ ဗဟိုအလုပ်အမှုဆောင် (ပြည်နယ် ပါတီဥက္ကဋ္ဌ) ဒေါက်တာ စန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီဘဏ္ဍာ ရေးမှူး ဦးသန်းထွန်း၊ ပြည်နယ် ပါတီလူငယ်ရေးရာ တာဝန်ခံ ဦးစန်းငွေ၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့်ကော် မတီဝင်များသွားရောက်ကာ နေရပ် စွန့်ခွာလာသူများအား တွေ့ဆုံ အားပေးစကားများ ပြောကြားပြီး ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

နေချိုသွေး