ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္မွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေရွ႕တန္းစစ္မ်က္ႏွာအသီးသီးတြင္ တိုက္ပြဲဝင္ေနၾကသည့္ တပ္မေတာ္သားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားလႉဒါန္း
လားရွိုး နိုဝင္ဘာ ၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဌာနခ်ဳပ္မွရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေရွ႕တန္းစစ္မ်က္ႏွာအသီးသီးတြင္တိုက္ပြဲဝင္ေနၾကသည့္ တပ္မေတာ္သားမ်ားအတြက္
(၁)ယမ္ယမ္ေခါက္ဆြဲ (၁၆၀)ကဒ္၊
(၂)ရႉးရွဲလက္ဖက္ (၁၀၀)ထုတ္၊
(၃)ေဆးေပါ့လိပ္ (၁၂၀၀)စည္း၊
(၄)ေကာ္ဖီမစ္ (၂၀)ဖာ
(၅)ငပိဗူး (၂၀၀၀)ဗူး၊
(၆)ပဲပုတ္ (၁၀၀) ပိႆာ
(၇)မေရြးမုန္႔ (၂၅)ဖာ တို႔အား လႉဒါန္းခဲ့ပါသည္။
လႉဒါန္းမႈအားဌာနခ်ဳပ္ကိုယ္စား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒၊ ျပည္နယ္အတြင္းေရးမႉး၊ ျပည္နယ္ဘ႑ာေရးမႉးႏွင့္ ျပည္နယ္ေကာ္မတီဝင္မ်ားမွအေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္သို႔ သြားေရာက္လႉဒါန္းခဲ့ၿပီး စုစုေပါင္း လႉဒါန္းမႈတန္ဖိုးမွာ သိန္း(၂၀၀)က်ပ္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။
=====================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများလှူဒါန်း
လားရှိုး နိုဝင်ဘာ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှရှမ်းပြည်နယ်(မြောက်ပိုင်း) ရှေ့တန်းစစ်မျက်နှာအသီးသီးတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက်
(၁)ယမ်ယမ်ခေါက်ဆွဲ (၁၆၀)ကဒ်၊
(၂)ရှူးရှဲလက်ဖက် (၁၀၀)ထုတ်၊
(၃)ဆေးပေါ့လိပ် (၁၂၀၀)စည်း၊
(၄)ကော်ဖီမစ် (၂၀)ဖာ
(၅)ငပိဗူး (၂၀၀၀)ဗူး၊
(၆)ပဲပုတ် (၁၀၀) ပိဿာ
(၇)မရွေးမုန့် (၂၅)ဖာ တို့အား လှူဒါန်းခဲ့ပါသည်။
လှူဒါန်းမှုအားဌာနချုပ်ကိုယ်စား ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ဘဏ္ဍာရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များမှအရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်လှူဒါန်းခဲ့ပြီး စုစုပေါင်း လှူဒါန်းမှုတန်ဖိုးမှာ သိန်း(၂၀၀)ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။