အက္စ္တြန္ဗီလာအသင္းရဲ့ ဝင္ေငြအျမင့္ဆုံးကစားသမားျဖစ္လာတဲ့ ဝက္ကင္

နိုဝင္ဘာ ၆

အသက္ ၂၇ ႏွစ္အရြယ္ရွိ အဂၤလန္တိုက္စစ္မႉး ဝက္ကင္ဟာ ေအာက္တိုဘာလအတြင္းက တစ္ပတ္လုပ္ခလစာေပါင္ ၁၅၀၀၀၀ နဲ႔ စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ အက္စ္တြန္ဗီလာအသင္းရဲ့ ဝင္ေငြ အျမင့္ဆုံးကစားသမားတစ္ဦး ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

တိုက္စစ္မႉး ဝက္ကင္ဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာေၾကာင့္ အက္စ္တြန္ဗီလာအသင္းမွာ ၂၀၂၈ ခုႏွစ္အထိ ဆက္ရွိေနေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ တိုက္စစ္မႉး ဝက္ကင္အား အာဆင္နယ္အသင္းကလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

တိုက္စစ္မႉး ဝက္ကင္ဟာ ၂၀၂၀ ျပည့္ႏွစ္အတြင္းက ဘရန္းဖို႔ဒ္အသင္းကေန အက္စ္တြန္ဗီလာအသင္းဆီကို ေျပာင္းေရႊ႕ေၾကးေပါင္ ၂၈ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ယခုေဘာလုံးရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္ ၁၆ ပြဲယွဥ္ၿပိဳင္ကစားေပးထားကာ သြင္းဂိုး ကိုးဂိုးနဲ႔ ဂိုးဖန္တီးမႈငါးႀကိမ္ ျပဳလုပ္ထားသူလည္း ျဖစ္ပါတယ္။

တိုက္စစ္မႉး ဝက္ကင္ဟာ ေအာက္တိုဘာလအတြင္းက ဩစေၾတးလ်အသင္းကို အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အဂၤလန္အသင္းအတြက္ သြင္းဂိုးတစ္ဂိုး သြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။

==================

အက်စ်တွန်ဗီလာအသင်းရဲ့ ဝင်ငွေအမြင့်ဆုံးကစားသမားဖြစ်လာတဲ့ ဝက်ကင်

နိုဝင်ဘာ ၆

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်ဟာ အောက်တိုဘာလအတွင်းက တစ်ပတ်လုပ်ခလစာပေါင် ၁၅၀၀၀၀ နဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီးနောက် အက်စ်တွန်ဗီလာအသင်းရဲ့ ဝင်ငွေ အမြင့်ဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

တိုက်စစ်မှူး ဝက်ကင်ဟာ စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် အက်စ်တွန်ဗီလာအသင်းမှာ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုက်စစ်မှူး ဝက်ကင်အား အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

တိုက်စစ်မှူး ဝက်ကင်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက ဘရန်းဖို့ဒ်အသင်းကနေ အက်စ်တွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၁၆ ပွဲယှဉ်ပြိုင်ကစားပေးထားကာ သွင်းဂိုး ကိုးဂိုးနဲ့ ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူး ဝက်ကင်ဟာ အောက်တိုဘာလအတွင်းက ဩစတြေးလျအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။